ကလေးရဲ့လူကြီး(Part-28)

500 46 1
                                    

Unicode
_______

ဆယ်ဟွန်းနဲ့လုဟန်.မြို့ပြင်အိမ်လေးမှာ သုံးရက်လောက်နေပြီးတော့..chenနဲ့xiuတို့ဆီကို အသိပေးရန်ရောက်လာခဲ့သည်။

နှစ်ယောက်လုံးဘာစကားမှမပြော.ဆိုဖာပေါ်မှာခေါင်းလေးငုံ့ပြီးထိုင်နေကြတယ်..သူတို့အရှေ့ကxiuminကတော့ သက်ပြင်းတွေပဲ ထိုင်ချနေလေရဲ့။

ရုံးမှာဆိုလည်း ဝန်ထမ်းတွေလေးစားအားကျရဲ့
သူဋ္ဌေး၊မြင်တဲ့သူတိုင်းကလည်း ရှိန်သွားတတ်တဲ့..အိုဆယ်ဟွန်းက အခုကျတော့ ငြိမ်ငြိမ်ကုတ်ကုတ်လေးထိုင်နေတာကြောင့် အမဖြစ်သူxiuminမှာတော့..သူ့မောင်ကိုကြည့်ပြီး ရီချင်စိတ်ထိန်းထားရတယ်။

"ကဲ..ပြောကြပါအုံး..ဘယ်လိုဖြစ်ကြတာလဲ"

တိတ်ဆိတ်မှုကို Chenကပဲစတင်ဖြိုခွင်းလိုက်သည်။

"ဟို.ဟို..ဘယ်လိုပြောရမလဲဆို​တော့"

"ဘာလိုမှမပြောနဲ့..အိုဆယ်ဟွန်း..မိသားဖသားပီပီသွားမတောင်းပဲနဲ့ဘာလို့ခိုးပြေးရတာလဲ"

xiuminက စိတ်မရှည်စွာနဲ့ဝင်ပြောလိုက်သည်။

"အာ..မဟုတ်ဘူးတီတီtao...လူကြီးကလုလုကိုခိုးပြေးတာမဟုတ်ဘူး..လုလုကလူကြီးကိုခိုးပြေးတာ..ဟီး"

လုဟန်စကားကြောင့်xiuminနဲ့chenကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်တာ..အံ့သြသွားသည်။

အော်..ငါ့မောင်ထက်သွက်ပါလား။

"လုလုနဲ့ လူကြီးကိုommaကသဘောမတူဘူးတဲ့ အဲ့ဒါကြောင့် လူကြီးနဲ့ဝေးမှာဆိုးလို့..လုလုကခိုးပြေးလိုက်တာ..လူကြီးကခိုးချင်တာမဟုတ်ပါဘူး"

"ဘာ..အိုဆယ်ဟွန်း  နင်ကကလေးခိုးပြေးတာကိုမလိုက်ချင်ဘူး ဟုတ်လား..နင်ကအကြီးဖြစ်ပြီးအဦးဆောင်ဘူးလား"

xiuminပြောလိုက်တာကြောင့်ဆယ်ဟွန်းကြောင်းသွားရသည်။

"noona...ခုနပဲပြောတော့ မိသားဖသားပီပီမတောင်းဘူးဆို..အခုကျတော့ မခိုးလို့ဖြစ်သွားပြန်ရောလား"

"အဲ့ဒါက..taoတို့သဘောမတူဘူးဆိုတာမသိတော့လေ..အစောကြီးထဲကသိခဲ့ရင်..ငါကိုယ်တိုင်ခိုးပြေးခိုင်းမှာ"

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now