part 14(z+u)

2.3K 270 21
                                    

စာလုံးပေါင်းမစစ်ထားပါ။




ဖုန်းပြောပြီး၍ အိမ်ထဲဝင်လာသည့် သော်စစ်ကို ဒီဇင်ဘာသည် ပေစောင်းစောင်းဖြင့် စိုက်ကြည့်နေ၏။ သော်စစ်က တံခါးဝ၌ ပိတ်ရပ်၍ သူ့အား မျက်ဝန်းစိမ်းများဖြင့် ​စိုက်ကြည့်နေသော ချစ်သူကြောင့် ဇဝေဇဝါဖြစ်သွားရသည်။




" ဘယ်သူဆက်တာလဲ "


ဒီဇင်ဘာ၏အသံသည် မာန်ပါလှသည်။ သူက လက်ကိုပိုက်လျက် မျက်လုံးဝင့်ကာ မေးလေသည်။ သော်စစ်က မိမိအား တရားခံကဲ့သို့ စစ်ဆေးနေသော ချစ်သူကို ကြည့်၍ ပြုံးလိုက်သည်။ ထို့နောက် သူက ဒီဇင်ဘာ၏ နှာခေါင်းချွန်ချွန်အား အသည်းယားစွာဆွဲညှစ်လိုက်၍


" ငါ့ညီမ "

သော်စစ်၏အဖြေကို ဒီဇင်ဘာက ဘဝင်ကျပုံမရပေ။ ထို့ကြောင့် သူက မျက်မှောင်ကျုံ့လျက်ရှိ၏။

" မင်းမှာ ညီမ မရှိတာငါသိတာပဲ "

" တကယ် ငါ့ညီမပါ အရင်းတော့မဟုတ်ဘူး တစ်ဝမ်းကွဲ "

ချစ်သူက မိမိပြောစကားကို ယုံကြည်ပုံမရ၍ သော်စစ်က ထပ်လောင်းရှင်းပြလိုက်သည်။ ထိုအခါမှ ဒီဇင်ဘာကအင်တင်တင်ဖြင့် ငြိမ်သက်သွားသည်။

" ဆရာလေး! ဆရာလေး!  "


အမျိုးသမီးငယ်ကို ပွေ့ချီကာ ပြေးဝင်လာသော အမျိုးသားကြောင့် ဒီဇင်ဘာသည် အိမ်ဝ၌ ပိတ်ရပ်ထားသည်ကို ချက်ချင်းဖယ်အေးလိုက်၍ သော်စစ်သည်လည်း လူနာကို လှဲစင်ပေါ်တင်၍ နေရာချပေးလိုက်သည်။

" ဘာဖြစ်လာတာလဲ "

" အပင်ပေါ်ကပြုတ်ကျတာဗျ ခြေထောက်မထောက်နိုင်ဘူးလို့ပြောတယ် ကျိုးများသွားလားမသိဘူး ဆရာလေးရဲ့  "

အမျိုးသား၏ ခပ်ဝဲဝဲစကားသံက တော်တော်ကြီးမပီသတာမို့ သော်စစ်သည် ဂရုတစိုက်ဖြင့် နားထောင်ကာ ငြိမ့်၍ စတင်စမ်းသပ်လိုက်သည်။ထိုအချိန်တွင် ဒီဇင်ဘာက အပေါ်ထပ်သို့ တက်သွားသည်ကို သော်စစ် မျက်ဝန်းထောင့်မှမြင်လိုက်ရ၏။

" မကျိုးတော့မကျိုးပါဘူး ခြေချင်းဝတ်လည်သွားတယ်ဗျ စိတ်မပူပါနဲ့ "


အချစ်ဦး (အခ်စ္ဦး) (Completed )Where stories live. Discover now