တက္ကသိုလ်သို့ ပထမဆုံးနေ့
ကျယ်၀န်းလှတဲ့ ကျောင်း၀န်းထဲမှာ ဆင်တူကျောင်းဆောင်ကြီးနှစ်ဆောင်အပြိုင်ရှိနေ၏။ အနည်းငယ်စောနေသေး၍ ကျောင်းသားတွေက မများလှသေး။ အတော်တန်ကြာအောင်လျှောက်ကြည့်ပြီးသော်လည်း ပထမနှစ်တွေအတွက်အဆောင်ကို ကျွန်မ ရှာလို့မတွေ့ရသေးပါ။ဘေးဘီ ဝေ့ရှာကြည့်သော်လည်း ကျွန်မလိုအူတူတူလူတစ်ယောက်မှမြင်မိ ။"ဟေးမင်းကပထမနှစ်လား"
နောက်ကျောဘက်ဆီမှ ခပ်အုပ်အုပ်အသံ
အသံပိုင်ရှင်သည်ကား ကျွန်မထက်ခေါင်းတစ်လုံးစာအမြင့်ထက်မှ ။"ဟုတ် ဟိုဟာ ပထမနှစ်အတွက်အဆောင်များသိလားရှင့်"
"ငါ့နောက်လိုက်ခဲ့လေ ငါရောပထမနှစ်ပဲ"ပြောပြောဆိုဆို မျက်ခုံးမွှေးနက်နက်နဲ့ကောင်လေးသည် ကျွန်မရှေ့သို့ ရောက်နေပြီ။ ပထမနှစ်ချင်းတူတူ အခန်းသိသော ကောင်လေးကို ကျွန်မ နည်းနည်းအထင်ကြီးသွားသည်။
အခန်းထဲရောက်ကာစပင်ရှိသေး ဘေးနားကလူတွေနှင့်သူသည် သူငယ်ချင်းရင်းတွေအလား စကားတွေဖောင်ဖွဲ့နေကြသည်။ အခန်းထောင့်စွန်းကခုံလေးမှာ ဟိုငေးဒီငေးလုပ်နေတဲ့ ကျွန်မနဲ့တော့ သူကလားလားမျှမဆိုင်။
မေဂျာေတွခွဲတော့ ဟိုကောင်လေးနဲ့တစ်ခန်းတည်းကျပြန်ပြီ။အမြဲပြုံးနေတတ်တဲ့ကောင်လေးကို ကျွန်မစတွေ့ထဲက ခင်ချင်မိသား။ သူ့လို socialကျတဲ့ကောင်လေးက ကျွန်မကို မှတ်မိမှာမဟုတ်ပေမဲ့ပေါ့လေ။
သူကroll 1တဲ့။ ကျောင်းကထိပ်ဆုံးမေဂျာမှာroll1ဆိုတော့ အမှတ်မြင့်ဆုံးပေါ့။ အော်။စာပါတော်တဲ့ကောင်လေးပါလား ။
"ဟိတ်ဘာတွေတွေး"
ဘေးကကောင်မလေးရဲ့နှုတ်ဆက်စကား ။
"ဘာမှမဟုတ်ဘူး ဟီးဟီး"
ဘာပြောရမှန်းမသိရင် ရီတတ်တဲ့အကျင့်ကိုထုတ်သုံးလိုက်မိပြီ။
"ငါ့နာမည်က ဆုရည်ရည်လွင် နင်ကရော"
ကောင်မလေးက ချစ်ဖို့ကောင်းသား နာမည်လေးကော လူလေးရော။
"ငါက ငြိမ်းစုသွယ် "
"ဒါဆိုငြိမ်းစုလို့ခေါ်မယ်လေ။
"အင်း ငါလည်းဘယ်လိုခေါ်ရမလဲ ဆုရည် ဆို အဆင်ပြေလား"
"ဒါပေါ့ အဆင်ပြေသလိုခေါ် ငြိမ်းစု ကဖယ်ရီနဲ့လား "
"မဟုတ်ဘူး အပြင်ဆောင်နေတာ ငါကမြင်းခြံဘက်ကလေ"
"အော် မန္တလေးကဆိုရင် ဒို့နဲ့ ဖယ်ရီတူတူစီးရအောင်ပြောမလို့ပါ"
ကျောက်ဆည်နည်းပညာတက္ကသိုလ်ကား မန္တလေးနဲ့ မဝေးလှသဖြင့် မန္တလေးမှ နေ့ချင်းပြန် ကျောင်းတက်နိုင်သည်။ကျွန်မဆုရည်ကိုသဘောကျသည်။ဖော်ရွေပွင့်လင်းတတ်တဲ့ကောင်မလေးနဲ့ အတူထိုင်ပြီး စာသင်ရတာ ကျွန်မကံကောင်းတယ်ပြောရမလား ။သူငယ်ချင်းအလွယ်တကူမရတတ်တဲ့ ကျွန်မမှာ သူငယ်ချင်းလေးတစ်ယောက်ရခဲ့ပြီ။
YOU ARE READING
မောင်
Short Storyတစ်ခါ မှမလှုပ်ခတ်ဘူးတဲ့ရင်ဘယ်ဘတ်ခြမ်းကတော့ သူနဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံခြင်း