7

2.7K 144 6
                                    

ည ၁၁ ခွဲ။

ဘေးနားမှာ ဆုရည်တစ်ယောက် ကောင်းစွာ အိပ်မောကျနေသည်။ တစ်ရေးမှ မအိပ်နိုင်လေသူကား
ကျွန်မရယ် ၊ နံရံထက်ကနာရီလေး
ရယ်၊နာရီဘေးက ပိန်ညှောင်လေးရယ်သာ။
အကြာကြီး မစဉ်းစားပဲ အဖြေပေးလိုက်ရင် မောင်များငါ့ကို အထင်သေးသွားလေမလား။
မဆိုင်လိုက်တာ ။ မောင့်ကို ရင်ခုန်ခဲ့တာက မနှစ်ကတည်းကလေ။မောင့်ကိုချစ်ရောချစ်သလား။ ရင်ခုန်တာက ချစ်တာလား။ အချိန်တိုင်းသတိရတာကရော အချစ်လား။ တစ်ခုခုဆို ကိုယ့်ထက် သူကောင်းဖို့၊ သူ မခံစားရဖို့ စဉ်းစားနေမိတာ‌တွေကို အချစ်ဟုများ ခေါ်ကြပါလျှင်
‌ကမ္ဘာပေါ်မှာ အသေချာဆုံးက ငြိမ်းစုသွယ်က မောင့်ကို ချစ်နေမိပါပြီ။

*****

ငြိမ်းဆီက ဆုတောင်းစာမြင်မှ အိပ်မည်ဖြစ်သော စိုင်းထင်လင်းမောင်တစ်ယောက် ဖုန်း screen ကို ခဏခဏ ဖွင့်ကြည့်နေမိသည်။ အိပ်များပျော်သွားလေပြီလား ။ခံစားချက်တွေကို ဖွင့်ပြောမိလိုက်လို့ စိတ်များဆိုးနေမလား။ ငြိမ်းကို ချစ်နေပြီဖြစ်ကြောင်း ငြိမ်းမွေးနေ့ကတည်းက ကိုယ့်ကိုကိုယ်သိနေ
ခဲ့ပေမဲ့ ဖွင့်ပြောဖို့ရန်မှာတော့ ခက်လှပေသည်။ အကယ်၍ ငြိမ်းသာ ငြင်းခဲ့လျှင် သူငယ်ချင်းအဖြစ်နဲ့တောင် ငြိမ်းဘေးနားမှာ ရှိမနေနိုင်တော့မှာကို သူသည် တွေး၍
ကြောက်နေခဲ့သည်။ ပြီးခဲ့သည့်အချိန်တွေမှာ ငြိမ်းကြောင့် ပျော်ခဲ့ရသည်။ သူမ ဘေးမှာရှိနေတယ်ဆိုတဲ့အသိနဲ့တင် ပျော်နေသည်။ သို့သော် သူမက သူတစ်ပါးကိုပျော်စေတတ်သော သူငယ်ချင်းအဖြစ်သာထင်ခဲ့မိသည်။ ရင်ထဲ၌ တိမ်မြုပ်နေသော အချစ်သည်ကား ထိုနေ့ ဂိမ်းဆိုင်မှာမှ ပေါက်ကွဲပွင့်ထွက်လာလေ၏။

         ထိုနေ့ကဂိမ်းဆိုင်၌ စိုင်းထင်လင်းမောင် သည် သူငယ်ချင်းဖြစ်သူ
ကျော်သူရိန်နှင့် အတူ ထုံးစံအတိုင်း
ဂိမ်းတိုက်နေ၏။ သူတို့ခုံမှာ ချောင်ကျနေ၍
အ၀င်၀နားမှ လူတစ်စုက သူတို့ကိုတွေ့ဟန်မတူ။ ထိုလူတစ်စုသည် ‌စက်မှုမေဂျာမှ4BEကျောင်းသားကြီးများဖြစ်သည်။ သူတို့ထဲမှဇော်လတ်ဆိုသူမှ စကားစလေသည်။

"ဟေ့ရောင် မင်းထင် ၊ မင်းရဲ့ ငြိမ်းလေးကိုဖွင့်မပြောသေးဘူးလားကွာ "

မောင်Where stories live. Discover now