"ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေးဖြစ်ပါစေ
မောင် "ဟုတ်တယ်။ မောင့်ဆီကချစ်တယ်ဆိုတဲ့စကားကို တစ်ဖတ်သတ်မျှော်လင့်ခဲ့ရတာ ကြာပြီ ။ ချစ်ရင်ချစ်တယ်ပေါ့ ။မောင်က သူတစ်ပါးကိုအထင်သေးတတ်တဲ့လူမျိုးလည်းမဟုတ်ဘူး။
နင်မှန်တယ် ငြိမ်းစုသွယ် ရေ ။ မနက်
ရောက်ရင်သာ မောင်လာခေါ်ရင် မျက်နှာပူလို့ ဘယ်လိုလုပ်ရပမလဲ။အော်
တဒုန်းဒုန်းနဲ့ ဒီရင်ကလည်း ခုန်နေလိုက်တာ ခဏနားပါဦး။ မောင်နဲ့ တွေ့ရင် ပိုပြီး စိတ်လှုပ်ရှားရမှာမို့ ခုတော့ ငြိမ်ငြိမ်လေးနေဦးနော်။"ဒီ...ဒီ..ဒီ"
"ဟဲလို ပြော"
"ငြိမ်း... ငြိမ်းက ကိုယ့်ကို မောင် တဲ့လား"
အမြဲတမ်း ယုံကြည်မှုတွေပြည့်နေတတ်တဲ့ မောင့်အသံကိုကြားနေကြပါ။အခုတော့ မောင့်အသံက တုန်နေသလိုပဲ။
"ဟင်.. အင်း"
အား .. မောင်ရေ ရင်တွေတုန်လိုက်တာ။
"တကယ်! ဒါဆို ကိုယ့်ကို ချစ်တယ်ပေါ့ဟင်"
"မသိဘူးကွာ ဖြေပြီးပြီကို... သွား ..မနက်ကျ စောစောထပြီး ဘုရားသွားရမှာမလား ဒါပဲ"...
"ဟဲလို ငြိမ်း !ငြိမ်း"
အား ..!!.
ငြိမ်းက ငါ့ကိုချစ်တယ်တဲ့ကွ။ ငြိမ်းက ငါ့ကို မောင်တဲ့ ။ ဘ၀မှာ အပျော်ဆုံးလူသားက ငါများဖြစ်လေမလား ။ ကြွားရမယ် ဘယ်သူ့ကိုကြွားရမလဲ ။ အာ မေမေကလည်း အိပ်နေပြီ ။ ယုကီလေးရေ မမငြိမ်းက ဒီကမင်းကိုကြီးကို ချစ်သတဲ့ကွ။မင်းလည်း ပျော်တယ်မလားဟမ်။ ကျွန်တော့်လှုပ်ရွမှုကြောင့် နိုးလာတဲ့ယုကီလေးက တစ်ချက်သမ်းဝေကာ နံရံပေါ်က ပိန်ညှောင်ကို လိုက်ချောက်နေတော့သည်။
ကြောင်မလေးသည် ခဏနေတော့ ပြုံးပြုံးကြီး မှိန်းနေတဲ့ စိုင်းထင်လင်းမောင်၏ ရင်ခွင်အတွင်းသို့ လှပစွာ ၀င်ခွေလေတော့သည်။
YOU ARE READING
မောင်
Short Storyတစ်ခါ မှမလှုပ်ခတ်ဘူးတဲ့ရင်ဘယ်ဘတ်ခြမ်းကတော့ သူနဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံခြင်း