"ငြိမ်းရေ ရောက်ပြီ။ဆင်းမယ်လေ"
အဲ ဘုရားတောင် ရောက်လာပြီ။
မောင်နဲ့ချစ်သူဖြစ်ပြီး ဘုရားအတူတူသွားရတာက အိပ်မက်များလား။
ဖြန်း။ အဲ နာတယ်ဟ။
"ငြိမ်းသွားမယ်လေ အထဲကို။ ဘယ်လိုဖြစ်လို့ကိုယ့် ကိုယ်ကိုရိုက်နေတာတုန်း"
မောင်က အပြုံးလှလှလေးနဲ့ အစပြုကာ ညင်သာစွာ စကားဆိုလာသည်။
မောင်ကမ်းလင့်သည့် မောင့်လက်နုနုကို မြတ်နိုးစွာဖြင့် ဆုပ်ကိုင်လိုက်သည်။
အဖြူရောင်စတစ်၊လည်ကတုံး အင်္ကျီ၊အနက်ရောင်လုံခြည်တို့နှင့် မွေးနေ့ရှင်လေး မောင်သည်
လွန်စွာကျက်သရေ ရှိနေပေသည်။"အရှင်မြတ်စွာဘုရား ယနေ့ပြုအပ်သောကောင်းမှုတို့ကြောင့် တပည့်တော်သည် ယနေ့မှစ၍ ချစ်ရသောငြိမ်းနဲ့အတူ အေးချမ်းသော နေ့ရက်များကို လက်တွဲမဖြုတ်တမ်းနေသွားရပါလို၏အရှင်ဘုရား။"
မြတ်စွာဘုရားရှင်ထံ လက်အုပ်ချီမိုးထားသော မောင့်ကို ကြည့်ရတာ ကြင်လင်နေလိုက်တာ။ မြင်ရသူအတွက် ရင်အေးဖွယ်အတိပါလား။
"ငြိမ်း၊ လာ၊ ဟိုးဘက်ဆုံးကိုသွားကြမယ်"
မောင့်လက်ကိုတွဲပြီး မောင်ခေါ်ရာ အစွန်ဆုံး ခရေပင်ကြီးဆီသို့။
ဘုရားဖြူဖြူများက သပ္ပါယ်လှလေစွ။ ခရေပင်ကြီးများနှင့် ပနံရလှပေသည်။"ငြိမ်း တစ်လမ်းလုံး ဘာမှလည်း မပြောဘူး ၊ပြုံးလည်းမပြုံးဘူး မောင့်ကိုမချစ် တော့ဘူးလားဟင်"
ဟင် မေးရက်လိုက်တာမောင်ရယ်။
"ဘယ်လိုပြောလိုက်တာလဲ နင် ၊ တကယ်ဆို မရှက်တမ်း၀န်ခံရမယ်ဆိုရင် ငါကချစ်နေတာကြာနေပါပြီ နင့်ထက်အရင်"
အသံစာစာနှင့် ခပ်မြန်မြန်ပြောမိသွားသည်။
" ငြိမ်းကလည်း ဘယ်ကနင်လည်း ၊ညတုန်းကလို မောင့်ကို မောင်လို့ပဲခေါ်နော် "
"အင်း.............. မောင်""အား"
ဘေးနားကငှက်ကလေးတွေထပျံကုန်ကြသည်။
"ဟဲ့ဘာဖြစ်တာလဲ ပုရွက်ဆိတ်ကိုက်တာလား"
"ငြိမ်း အသံလေးက အရမ်းနားထောင်လို့ကောင်းတာပဲကွာ နောက်တစ်ခေါက်ထပ်ခေါ်ပေးဦးနော်... နော်လို့ ....
မောင့်ကိုကြည့်ပါဦး တစ်ချိန်လုံး ခေါင်းကြီးပဲငုံ့နေလိုက်တာ"အို...မောင့်မျက်၀န်းေလးများက ရွှန်းလဲ့တောက်ပနေလိုက်တာကွယ်။
မောင့်လက်ကလေးကို ခိုင်မြဲအောင် တွဲလိုက်သည်။
"မောင် ..
ငြိမ်းကလေ မောင့်ကို ချစ်နေတာကြာပါပြီ
မောင်ကမသိလို့ပါလေ""တကယ်"
မောင့်လက်ကလေးက ကျွန်မခေါင်း
ပေါ်ကိုအသာအယာ ထိတွေ့လျှက်" ကျေးဇူးအများကြီးတင်ပါတယ် ကလေးလေးရယ် ။ဟောဒီကမောင့်ကိုချစ်ပေးလို့။ ပြီးတော့
နောက်ကျမှကိုယ့်ကိုကိုယ်သိတဲ့အတွက် တောင်းလဲတောင်းပန်တယ်နော်။"ခေါင်းလုံးလုံးလေးထက်သို့ နူးညံ့စွာ အနမ်းလေးတစ်ပွင့် ပန်ဆင်ပေးလိုက်မိသည်။ မောင့်ကို ချစ်ပေးတဲ့ အတွက် ရှေ့လျှောက် အမြဲတမ်းပျော်ရွှင်ရအောင်
မောင်ကကြိုးစားပါ့မယ်ကွာ။မောင်ပေးတဲ့ ပထမဆုံး အနမ်းက မောင်အမြဲတမ်းပြောဖူးသောမောင်မြတ်နိုးတဲ့ဆံနွယ်များဆီပါလား။ အနမ်းလေးသည် ရင်ထဲ၌ ချိန်မြိန်စွာ စီးဆင်းနေတော့သည်။
လေညင်းငယ်လေးက သစ်ရွက်လေးတို့ကို အသာအယာလှုပ်ခြွေသွားသည်။ ငှက်ကလေးတို့က တီတီတာတာ သံစဉ်တို့ကို ဖန်တီးနေကြသည်။ ဘုရားဖြူဖြူလေးများ၏ ဆည်းလည်းသံချွင်ချွင်လေးများက လူသားတို့ကို အေးချမ်းစေတော့သည်။
မောင့်အချစ်ကိုရခဲ့သော ငြိမ်းစုသွယ်သည်ကား လောက၌ အပျော်ဆုံးလူသား ဖြစ်နေပေတော့သည်။*****
နောက်တစ်ပုဒ်ထပ်ရေးချင်တယ် ဖတ်သူမရှိပေမဲ့😅
YOU ARE READING
မောင်
Short Storyတစ်ခါ မှမလှုပ်ခတ်ဘူးတဲ့ရင်ဘယ်ဘတ်ခြမ်းကတော့ သူနဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံခြင်း