ကျေးဇူးတင်လွှာ

1.3K 109 10
                                    

အချစ်ဦးဇာတ်လမ်းအစမှ အဆုံးထိ ဖတ်ရှု့ပေးခဲ့ကြတဲ့ အာလူးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ဒီဇာတ်လမ်းလေးက အနိမ့်အမြင့်အတက်အကျတွေ မပါဘဲ အေးအေးချိုချိုလေးပါ။ အစကတည်းက ဇာတ်လမ်းတိုလေး ရေးမယ်လို့ ဆုံးဖြတ်ထားတာပါ။ အခုတော့ ရေးဖြစ်သွားပြီပေါ့ဗျာ။

နောက်တစ်ခုပြောချင်တာက ကျနော် ဒီဇာတ်လမ်းလေးထဲမှာ ရေးထားတဲ့တိုင်းရင်းသားလူမျိုးစုက ပအိုဝ်း လူမျိုးတွေအကြောင်းပါ။ ထိုအကြောင်းအရာတွေကို (၁၉၉၆-၉၈) ခုနှစ်က စာတမ်းတစ်ခုထဲကနေ ဖတ်ရှူပြီး ကောက်နှုတ်ရေးသားထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရေးဖို့ စိတ်ကူးရတာကတော့ မခန်းသောစမ်း ၊ မနွမ်းသောပန်း ၊ မပြယ်သောရနံ့ ဆိုတဲ့ ဆရာမသွဲ့ထားညိုရဲ့ ဝတ္ထုလေးကိုဖတ်ပြီးနောက်မှာ စိတ်ကူးရလို့ရေးဖြစ်တာပါ။အဲ့ဒါလေးဖတ်ပြီးတော့ ငါလည်း ရှမ်းပြည်နယ်ရဲ့ တောင်ပေါ်​ဒေသလေးက ဇာတ်လမ်းလေး ရေးမယ်ဆိုပြီး စိတ်ကူးရတာနဲ့ အကောင်အထည်ဖော်ဖြစ်တာပါ။ 

ဒီ fic လေးရေးဖို့ စာတွေအများကြီးဖတ်လိုက်ရတယ်။ ဂလူးဂလဲလည်း ခေါက်လိုက်ရတယ်။ အထူးသဖြင့် တောင်ပေါ်ဒေသအကြောင်းလေးတွေ ပအိုဝ်းလူမျိုးတွေအကြောင်း ကျန်းမာရေးအကြောင်း အများကြီးပဲ ဖတ်ပြီးတော့ တစ်ချို့ တစ်ဝက်ပဲထည့်ရေးဖြစ်သွားတယ်။ကျနော်ရေးထားတဲ့အထဲမှာ အမှားတစ်စုံတစ်ရာပါသွားခဲ့ရင် လာရောက်ပြောပြပေးပါ။ ကျနော် ကိုယ်တွေ့မဟုတ်ဘဲ စာတွေ့နဲ့ပဲရေးထားတာမို့လို့ပါ။ 

ဘာပဲဖြစ်ဖြစ် အချစ်ဦးလေးကတော့ ဒီတင်ပြီးဆုံးသွားပါပြီ။ လိုအပ်ချက်များရှိရင်လည်း သည်းခံပေးကြပါ။ ကျနော် ဆက်လက်ကြိုးစားပါအုံးမယ်။🍓🥔




အခ်စ္ဦးဇာတ္လမ္းအစမွ အဆုံးထိ ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ အာလူးတစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္။ ဒီဇာတ္လမ္းေလးက အနိမ့္အျမင့္အတက္အက်ေတြ မပါဘဲ ေအးေအးခ်ိဳခ်ိဳေလးပါ။ အစကတည္းက ဇာတ္လမ္းတိုေလး ေရးမယ္လို႔ ဆုံးျဖတ္ထားတာပါ။ အခုေတာ့ ေရးျဖစ္သြားၿပီေပါ့ဗ်ာ။

ေနာက္တစ္ခုေျပာခ်င္တာက က်ေနာ္ ဒီဇာတ္လမ္းေလးထဲမွာ ေရးထားတဲ့တိုင္းရင္းသားလူမ်ိဳးစုက ပအိုဝ္း လူမ်ိဳးေတြအေၾကာင္းပါ။ ထိုအေၾကာင္းအရာေတြကို (၁၉၉၆-၉၈) ခုႏွစ္က စာတမ္းတစ္ခုထဲကေန ဖတ္ရႉၿပီး ေကာက္ႏႈတ္ေရးသားထားတာျဖစ္ပါတယ္။ ဒီဇာတ္လမ္းေရးဖို႔ စိတ္ကူးရတာကေတာ့ မခန္းေသာစမ္း ၊ မႏြမ္းေသာပန္း ၊ မျပယ္ေသာရနံ႕ ဆိုတဲ့ ဆရာမသြဲ႕ထားညိုရဲ႕ ဝတၳဳေလးကိုဖတ္ၿပီးေနာက္မွာ စိတ္ကူးရလို႔ေရးျဖစ္တာပါ။အဲ့ဒါေလးဖတ္ၿပီးေတာ့ ငါလည္း ရွမ္းျပည္နယ္ရဲ႕ ေတာင္ေပၚေဒသေလးက ဇာတ္လမ္းေလး ေရးမယ္ဆိုၿပီး စိတ္ကူးရတာနဲ႕ အေကာင္အထည္ေဖာ္ျဖစ္တာပါ။ 

ဒီ fic ေလးေရးဖို႔ စာေတြအမ်ားႀကီးဖတ္လိုက္ရတယ္။ ဂလူးဂလဲလည္း ေခါက္လိုက္ရတယ္။ အထူးသျဖင့္ ေတာင္ေပၚေဒသအေၾကာင္းေလးေတြ ပအိုဝ္းလူမ်ိဳးေတြအေၾကာင္း က်န္းမာေရးအေၾကာင္း အမ်ားႀကီးပဲ ဖတ္ၿပီးေတာ့ တစ္ခ်ိဳ႕ တစ္ဝက္ပဲထည့္ေရးျဖစ္သြားတယ္။က်ေနာ္ေရးထားတဲ့အထဲမွာ အမွားတစ္စုံတစ္ရာပါသြားခဲ့ရင္ လာေရာက္ေျပာျပေပးပါ။ က်ေနာ္ ကိုယ္ေတြ႕မဟုတ္ဘဲ စာေတြ႕နဲ႕ပဲေရးထားတာမို႔လို႔ပါ။ 

ဘာပဲျဖစ္ျဖစ္ အခ်စ္ဦးေလးကေတာ့ ဒီတင္ၿပီးဆုံးသြားပါၿပီ။ လိုအပ္ခ်က္မ်ားရွိရင္လည္း သည္းခံေပးၾကပါ။ က်ေနာ္ ဆက္လက္ႀကိဳးစားပါအုံးမယ္။🍓🥔

အချစ်ဦး (အခ်စ္ဦး) (Completed )Where stories live. Discover now