Chapter(282) - ဥခိုးမှုကျရှုံးခြင်း

3.7K 882 66
                                    

Unicode

အခန်း(၂၈၂) - ဥခိုးမှုကျရှုံးခြင်း

ယန်ထျန်းဟန်ကယုံကြည်ချက်အပြည့်နဲ့ပြုံးလိုက်သည်။

"မလုပ်ရဲဘူးပေါ့...ကျွန်တော့အကိုကြီးကမဟာအကြီးအကဲလန်ယွဲ့ရဲ့တပည့်လေ...,မဟာအကြီးအကဲလန်ယွဲ့ကဆရာ့ရဲ့စီနီယာဆရာတူအကိုကြီးမဟုတ်ဘူးလား?အကယ်၍ကျွန်တော်သာဒီလိုမျိုးပြုတ်ကျပြီးသေသွားရင်,မဟာအကြီးအကဲလန်ယွဲ့ကိုဆရာဘယ်လိုလုပ်မျက်နှာချင်းဆိုင်ရဲပါ့မလဲ"

မဟာအကြီးအကဲဟွိုင်ယွီကသူ့ကိုအချိန်အကြာကြီးစိုက်ကြည့်နေပြီးမှပြန်ပြောလာသည်။

"ကောင်စုတ်လေး,မင်းကအတော်လေးရိုင်းစိုင်းတယ်နော်"

ယန်ထျန်းဟန်ကမြေပြင်ပေါ်ကကုန်းရုန်းထလိုက်ပြီးသူ့လက်ထဲကသိုလှောင်အိတ်လေးအားခါလိုက်ကာသွားရှစ်ချောင်းလောင်ပေါ်အောင်ပြုံးပြလိုက်သည်။

"အကယ်၍ကျွန်တော်သာအသက်ရှင်ချင်မယ်ဆိုရင်ဒါကိုတောင်ပြန်ယူမှာမဟုတ်ဘူး"

မဟာအကြီးအကဲဟွိုင်ယွီရဲ့မျက်နှာပေါ်ကအမူအယာကနက်ရှိုင်းလာသည်။

ခဏလောက်အကြာမှသာဟွိုင်ယွီကအေးစက်စက်နှာမှုတ်၏။

"ငါအခုမင်းအသက်ကိုကယ်တင်လိုက်တဲ့အချိန်မှာငါ့စီနီယာအကိုအကြောင်းတကယ်ကိုမစဉ်းစားမိဘူး...အကယ်၍မင်းအသတ်ခံလိုက်ရတယ်ဆိုရင်တောင်ငါ့စီနီယာအကိုကြီးကငါ့ကိုဘယ်တော့မှဆန့်ကျင်မှာမဟုတ်ဘူးကွ"

ယန်ထျန်းဟန်ကသူ့ခေါင်းလေးကိုငုံ့လိုက်သည်။

"ဒါဆိုဘာလို့ကျွန်တော့ကိုကယ်လိုက်တာလဲ?ဒီအတိုင်းပြုတ်ကျပြီးသေအောင်လုပ်လိုက်နိုင်တာပဲလေ"

ဟွိုင်ယွီကနက်မှောင်နေတဲ့အမူအယာနဲ့ပြန်ပြောသည်။

"အကယ်၍မင်းသေသွားရင်ဒီညငါ့ကိုဘယ်သူကထမင်းချက်ပေးမှာလဲ?"

ယန်ထျန်းဟန်: "..."

သူဒီအကြောင်းပြချက်ကိုလုံးဝယုံတယ်!

ယန်ထျန်းဟန်ကသူ့တုန့်ပြန်မှုကြောင့်နင်သွားသည်ကိုဟွိုင်ယွီမြင်သွားသည့်အခါသူ့ခံစားချက်များကောင်းမွန်လာကြောင်းရှာတွေ့သွားရသည်။သူ့မျက်နှာကအနည်းငယ်သက်တောင့်သက်သာဖြစ်သွားရင်းဖြင့်မေးလိုက်၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now