အပိုင်း၁၅

10.4K 863 25
                                    

Unicode

     ကျိုးအိမ်တော်၏ ခြံဝန်းကျယ်ကြီးအတွင်းတွင်
မွေးနေ့ပါတီအတွက် မီးရောင်မျိုးစုံကို ခမ်းနားလှပစွာ နေရာအနှံ့အလှဆင်ထားလေသည်။
မွေးနေ့ပါတီကို တက်ရောက်လာကြသည့် လူကုန်ထံ များကသူတို့ စီးလာသည့် အမျိုးအစားစုံလင်လှသည့် မာစီးရီးကားကြီးများ၊ ဇိမ်ခံကားများနှင့် နောက်ဆုံးပေါ် ကားအမျိုးအစားများကို မျက်စိနောက်လောက်အောင် များပြားပြည့်သိပ်ကာရပ်နား ထားကြလေသည်။

ယနေ့ညသည်ကား ကျိုးအိမ်တော်၏ အငယ်ဆုံးသခင်လေးဖြစ်သည့် ကျိုးယွင်၏ အသက် ၈နှစ်ပြည့် မွေးနေ့ပါတီကို ကျင်းပနေသည့်အချိန်ပင်် ဖြစ်ချေတော့သည်။ ထို့ကြောင့် မျိုးရိုးမြင့် အိမ်တော်များ၊ စီးပွားရေး လုပ်ငန်းရှင် ပါတနာများ၊ ရှယ်ရာရှင်များနှင့် အသိမိတ်ဆွေများ အားလုံးနီးပါးပင်  တက်​ရောက်ကြသောကြောင့် မွေးနေ့ပါတီတွင် မရေတွက်နိုင်လောက်အောင် များပြားလှသည့်လူများက ရောက်ရှိလို့နေပေပြီ။

ကျိုးအိမ်တော်၏ မွေးနေ့ ပါတီကိုကြည့်ရင်းဖြင့်ပင် ရောက်ရှိလာကြသည့် လူများအားလုံးက ပါးစပ် အဟောင်းသားဖြင့် အချိန်အတော်ကြာသည်အထိ မည်သည့် စကားမှ မဆိုနိုင်ကြသေးပေ။ သူတို့တွေမြင်တွေ့နေရသည့် မွေးနေ့ပါတီရဲ့ အပြင်အဆင်သည်ကား ခန့်မှန်းခြေ USဒေါ်လာ သန်းကျော်လောက် အကုန်ခံထားသည့် ထည်ဝါလှသည့် ပွဲကြီးတစ်ခုနှင့် ယှဉ်လိုက်လျှင်တောင် မနိမ့်ကျလောက်ပေ။ မဟုတ်နိုင်ပါချေ။ ထိုထက်ကိုသာလွန်ပေးဉီးမည်။ အစားအသောက်များနှင့်ပတ်သတ်၍လည်း အဆင့်မြင့်ထိပ်တန်း စာဖိုမှူးများကိုပင် ငှားထားသေးသည်ဟုပြောသံ ကြားရသေးသည်။

အဘယ့်ကြောင့် ထိုမျှအကုန်ခံထားသည်လည်း မည်သူကမှ နားမလည်နိုင်ပါချေ။ ဤအရာများကို ကြည့်ရင်းဖြင့်ပင် ရောက်ရှိလာသည့် လူကုန်ထံများအားလုံးသည် ကျိုးသခင်ကြီးကဖော်ပြထားသည့်ပိုင်ဆိုင်မှု ငွေပမာဏများထက်ပင် ၁၀ဆလောက် ပို၍လျှိုထားလောက်သည်ဆိုတာ သူတို့တွေက မတွေးဘဲ မနေနိုင်တော့ပေ။အရာရာတိုင်းက အားကျလောက်စရာများသာ ဖြစ်နေပေတော့သည်။ သူတို့က ကျိုးသခင်ကြီးကို လျှော့တွက်ထားမိတယ်ဆိုတာ ယခုမှသာ အမှန်တရားကို နားလည်လိုက်ရတော့သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now