Unicode
အချိန်အားဖြင့် ညနေ6နာရီ မှောင်ရီပျိုးစအချိန်ဖြစ်လေသည်။
ကုန်းကျွင်းနှင့် ကျန်းကျီဟန်တို့မှာ တစ်ယောက်ကိုတစ်ယောက်စနောက်ရင်း ထိုနေရာတွင်မည်မျှကြာသွားမှန်း မသိလိုက်ပေ။
"ကျွင်းကျွင်း..ညနေစောင်းနေပြီ ပြန်ရအောင်"
ကုန်းကျွင်းမှာ ကျန်းကျီဟန်အနားမှာ ရှိနေသ၍ဘယ်လိုအခြေအနေဖြစ်ဖြစ် နေထိုင်နိုင်လေသည်။
ကျန်းကျီဟန်မှာ သူ့ပေါင်ပေါ်တွင် မျက်လုံးမှေးစင်းအိပ်နေသော ကုန်းကျွင်းရဲ့ ဆံပင်ကို ဖွဖွလေး သပ်ပေးလိုက်ကာ အိမ်ပြန်ဖို့ စကားချီလိုက်သည်။
သို့သော်လည်း ကုန်းကျွင်းမှာ သူ့ကိုမျက်လုံးဖွင့်မကြည့်သေးပဲ 'ဟင်'ဆိုပြီး အသံတစ်ခုသာပြုပြီး ပြန်အိပ်ချင်ယောင်ဆောင်နေတော့သည်။
"ထပါတော့ကွာ.. မှောင်သွားရင် တောတောင်ထဲမှာဆိုတော့ ပြန်ရခက်မှာစိုးလို့ "
"........."
"ကုန်းကျွင်း!မင်းမပြန်ရင်ငါတစ်ယောက်ထဲ ပြန်တော့မယ်.."
ကျန်းကျီဟန်ဆိုသည့်လူ၏ သည်းခံနိုင်မှုသည် အလွန်တရာပင်
နည်းလှပါသည်။ ကုန်းကျွင်းမှာ သူ့ပေါင်ပေါ်က မထပေးသေးသလို မျက်လုံးကလည်း မဖွင့်သေးပေ။
"ရှောင်ဟန်..ခဏနေပါအုံးဗျာ ..နေဝင်ချိန်ကို ပြီးအောင်ကြည့်လိုက်ရအောင်လေ...အကယ်၍မိုးချုပ်သွားရင်လည်း စိတ်မပူပါနဲ့ ..အစ်ကို့ဘေးနားကျွန်တော်ရှိတာပဲ.."
"......"
ထို့နောက်မျက်လုံးဖွင့်ပြီး သူ့ကိုမော့ကြည့်လာသည်။
"ကျွန်တော်က အစ်ကို့ကိုထိခိုက်ခံမယ်ထင်လို့လား"
ကျန်းကျီဟန်မှာလည်း ဘာအကြောင်းမှ မရှိပဲ စိတ်တွေလေးနေသည်။
သက်ပြင်းတစ်ချက်ချလိုက်ပြီး ကုန်းကျွင်းကိုခေါင်းညိမ့်ပြလိုက်သည်။
"မင်းငါ့ကို မထိခိုက်စေဘူးဆိုတာ ငါသိပါတယ် "
ထို့နောက် ကုန်းကျွင်းမှာ သူ့လက်နှင့် ကျန်းကျီဟန်နှာခေါင်းကို လိမ်ဆွဲလိုက်သည်။
YOU ARE READING
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfiction__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...
