ကန့်လန့်ကာနဲ့ ကန့်ထားတဲ့ အတွင်းခန်းလူနာကြည့်သည့်နေရာအထိရောက်လာပြီး လူကိုတစ်ပွစိစိလုပ်ဖို့ပြင်သည်။
လင်းသန့်ကြည်က ကုတင်ပေါ်က ဘဂျမ်းကိုလှမ်းကြည့်ပေးလိုက်သည်။ လူနာရှိသေးတယ်ပေါ့....အပြောအဆိုဆင်ခြင်ပေါ့...အကြည့်က...
ဝတ်ရည်ကလဲ ကုတင်ပေါ်လှမ်းကြည့်သည်။
သူတို့နှစ်ယောက်ဆီကို မကြည့်ဘဲ ခုထိ မျက်နှာကျက်ကို အနုလုံပဏိလုံစိတ်စိတ်စီစီကြည့်နေသော ဘဂျမ်း...ဘဂျမ်းပုံကိုကြည့်ရင်း လင်းသန့်ကြည် ရယ်ချင်လာတော့သည်။ ခုဏ သူကြည့်နေတာ ပုံမှန်ပါပဲ....ခုမှ ဝတ်ရည်အသံလဲကြားရော အတောင့်လိုက်ကြီးနဲ့ကိုမှ မျက်နှာကျက်ကိုတွေတွေကြီးကြည့်နေတော့တာ။
ဝတ်ရည်မရယ်.....နင်ဆိုသည်မှာလည်းလေ....ငါ့လူနာသနားပါတယ်...ဟိုမှာ ကြည့်ပါအုံး။
ဝတ်ရည်မျက်နှာကြည့်မိပြန်တော့ သူလဲ ရယ်ချင်နေသည့်ပုံကြီးနဲ့...
နှစ်ယောက်သားတိုင်ပင်မထားပါဘဲ ရယ်မိရော...
ကိုယ်တွေ ရယ်သံလဲကြားရော ကုတင်ပေါ်က ဆန်ဆန့်ကြီးနဲ့ခန့်ခန့်ကြီး ဆေးသွင်းနေတဲ့ အမောင်ဘဂျမ်းကခြေထောက်နှစ်ချောင်းပါ ကုတ်လိုက် လိမ်လိုက် စုလိုက် ခွာလိုက်တွေဖြစ်နေတော့သည်။ရယ်တာကိုရပ်ပြီး....ဝတ်ရည်က ပြောလက်စကိုဆက်သည်။ ဘဂျမ်းကို ဘာထင်နေသည်တော့မသိ။ လူနာရယ်လို့လဲ ထင်ပုံမရ။ မသိရင် သူ့အသိလိုလို....ဘာလိုလို....အတော်လေးရင်းနှီးနေသည့်လူလိုလို ဘာလိုလို။
"ပြောနော်...ညာမယ်မကြံနဲ့....ငါ့ကိုထားခဲ့ပြီး နင်နဲ့ပါပါး ကားသွားကြည့်တာမှလား"
"ကြည့်ရုံပါပဲဟာ....ဘာမှ မလုပ်ခဲ့ရပါဘူး"
"သစ္စာဖောက်...ကိုယ့်အစ်မကို သစ္စာဖောက်ရတာ ပျော်လား....ဟမ်...ဟမ်"
ပြောရင်း လက်ကပါလာပြီ။
ခေါင်းကိုတော့လွတ်အောင်ရှောင်ရင်း....သူ့လက်ကိုဖမ်းဆွဲရင်း...ရှေ့က ခုံပေါ်ထိုင်ဖို့ဆွဲချရသည်။"ထိုင်စမ်း....ဝတ်ရည်မ...လက်မြန် ခြေမြန်နဲ့...ငါပြန်လုပ်ရင် နာအုံးမယ်....ပြောပြမယ်...ပြောပြမယ်"
ခုံပေါ်ထိုင်ရင်း...စွေစွေစောင်းစောင်းနဲ့ကြည့်နေသေးတာ...
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....