Ep-13

21.6K 1.3K 19
                                    

Uni...

Z လေလံ ပွဲကို စရောက်ပြီဆိုကတည်းက အားလုံးရဲ့ အကြည့်တွေဟာ Z ဆီမှာ...... နက်မှောင်နေတဲ့ ဆံကေသာ ကို ဂျယ်များဖြင့် သေသေချာချာ သပ်တင်ထားပြီး ဆံပင်အားလုံးကို စုချည်ထားတဲ့ Z ဟာနတ်ဘုရားတစ်ပါးအလားထင်းထွက်လို့နေတယ်......

အားကစား လိုက်စားသူမို့ သူ့ရဲ့ ရင်အုပ်ကြွတ်သားတွေဟာ အင်္ကျီအကပ်၀တ်တဲ့ အခါ ထင်းခနဲ ပေါ်လွင်နေသည်...... မျက်လုံး မျက်ခုံး ကောင်းတဲ့ အပြင် သူ့အကြည့်စူးစူးတွေဟာ နဂါးမျက်စောင်းလို ပြာကျစေသည်။

အောက်လိုင်း လေလံပွဲမို့ တခြားဂိုဏ်းက လူတွေ ပါ တွေ့ရသည်..... တရားမ၀င်ပစ္စည်း အများစုနဲ့ ရှားပါး ပစ္စည်းအချို့သာ ရောင်းမှာမို့ Z စိတ်၀င်စားသည်...... Z တို့က ဂိုဏ်းကြီးတွေထဲမှာပါတဲ့ အပြင် နိုင်ငံရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေနဲ့ပါ ဆက်စပ်နေတာကြောင့် တော်တော်များများက Z ဆို ရှောင်ကြသည်....

Z လိုလူမျိုးဟာ.... လူတစ်ယောက်ကို အကြောင်းအရင်း မရှိဘဲ မသတ်သလို သူ့အပေါ် အမှား ကျူးလွန်မိလျှင်လဲ ဆွေစင်မျိုးဆက်အထိ အလွှတ်မပေးတက်ပေ..... ပြောရလျှင်သူမကြိုက်လျှင် နိုင်ငံရဲ့ အကြီးအကဲတွေကိုတောင်တက်ဖြုတ်နိုင်သည်အထိအင်အားကြီးသည်..... ဒါကြောင့်တချို့သောအဂတိလိုက်စားသည့်၀န်ကြီး များက Z ဆိုတဲ့ နာမည်ကြားရုံနဲ့ လန့်ကြသည်.....

" BOSS SDX ဘက်က အခုထိငြိမ်နေတာ အကြောင်းတော့ ရှိမယ် "

Z ခန်းမ ကြီးရဲ့ နေရာအနှံကို လိုက်ကြည့်လိုက်တော့ SDX ဘက်က လူတွေ ခါးကြားထဲ သေနက် ကိုယ်ဆီဖြင့် အထက်အမိန့်ကို စောင့်နေပုံပင်....

" ဒီနေ့ သူတို့ လှုပ်ရှားလို့ ရမယ်မထင်ဘူး "

Z အပြောကို မင်းဉာဏ် နားမလည်သလို ဖြင့် ကြည့်တော့ ခန်းမ ဘေးက မိုးမျှော်အဆောက်အဦးဆို မျက်စ ပစ်ပြသည်.... မင်းဉာဏ် ကြည့်တော့ အဆောက်အဦး အပေါ်ထပ်က စနိုင်ပါ သမားတွေနဲ့ ပြည့်လို့နေတယ်...

အကယ်၍ SDX ဘက်ကသာ လေလံပွဲကို အထိကရုံး ဖြစ်အောင်လုပ်မယ် ဆိုရင်တော့ သေချာတယ် SDX ဂိုဏ်းကဘက်က လူတွေZ လက်ချက်နဲ့ သေမှာ... ပြီးတော့ ဒီပွဲမှာ ဝန်ကြီးတွေရဲ့ လက်အောက်ခံ တွေပါ မှာဆိုတော့ ဘယ်လိုဘဲ ကြည့်ကြည့် SDXဘက်ကအရှုံးကြီးသာ.....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now