ဇာတ်သိမ်းပိုင်း

5.8K 339 12
                                    


Unicode

            ပိုင်ဝေ့ရှင်း ဖြူလုံးစကားအား မယုံတဝက် ယုံတဝက်ဖြင့် အသက်ကို အဝရှူသွင်းလိုက်တယ်။ 1....2....3...

''အင့်  ''

'' ရှင်းအာ ရှင်းအာ  မင်းသတိရလာပြီလား''

  ရှီဖုန်း ပိုင်ဝေ့ရှင်းလဲနေသောကုတင်ဘက်သို့ ကြည့်နေရာမှ အသံတိုးတိုးလေးဖြင် လှုပ်ရှားမှုသေးသေးလေးအား တွေ့လိုက်ရတယ်။ ဖြူဖျော့နေသောလက်ကလေးအား ကိုင်ကာ  အသာအယာမေးမိသည်။ နို့နှစ်ရောင်အသားအရေနဲ့မလိုက်ဖက်စွာ ဖြူလျော့နေတဲ့နှုတ်ခမ်းလေးဆီမှ  လေတိုးသံသဲ့သဲ့ကဲ့သို့ အသံလေးဖြင့်

''  ကျမ အဆင်ပြေပါတယ် '' တဲ့  တဝက်ခန့်သာကျန်တော့သော မျက်နှာလေးဖြင့်  သူအဆင်ပြေကြောင်းကို ပြုံးပြီး ပြောပြနေသော ချစ်ရသူကြောင့်  ရှီဖုန်း စိတ်ထဲရှိ အခဲမကျေမှုများ  ပျောက်ရှသွားသည်ဟုတောင် ထင်ရသည်။

''  မင်း ခုနက အဆိပ်မိသွားတယ်.. အရက်ခွက်မှာ အဆိပ်ပါတာ ကြိုသိပြီး သောက်လိုက်တာမလား..  ဘာလို့ အာ့လိုရူးမိုက်ရတာလဲ...  ''

'' ကျမအတွက် အာ့အဆိပ်က ဘာမှမဖြစ်စေနိုင်ဘူးလေ...ရှင့်အစ်ကိုအတွက်ကျ မတူဘူး သူ အသက်သေသွားနိုင်တယ်.. ''

'' ဒါနဲ့ ဟိုအမျိုးသမီးရှိတယ်မလား  ကျမဆီကိုခေါ်လာပေးပါလား...''

'' သူက.. ''

'' ကျမသိပါတယ်....  ပိုသေချာစေချင်လို့ပါ ခေါ်ပေးနော် ''

'' အင်းပါ ကိုယ်ခေါ်ပေးမယ်  ရှင်းအာ မထနဲ့နော် သက်သာသလို လှဲနေ ''

         ရှီဖုန်း  ပိုင်ဝေ့ရှင်း စကားအရ ပိုင်လန်းဟုအမည်ရှိသော ထိုအမျိုးသမီးအား  အထဲသို့ ဝင်ခဲ့ရန် မျက်ရိပ်ပြလိုက်သည်။   ပိုင်လန်း အိပ်ယာရှိရာဘက်သို့ တချိန်ထဲ ကြည့်နေရာမှ  ရှီဖုန်းရဲ့ လာရန်အချက်ပြမှုအား တွေ့ရာ
ပိုင်ဝေ့ရှင်း တခုခုများ ဖြစ်သွားလားဟု ထင်မှတ်ကာ  အမြန်အပြေးလာမိသည်။

''  မင်းသား   သူ အဆင်ပြေရဲ့လား သက်သာရဲ့လား  ''

''  ဘာလို့ ကိုယ်တိုင် လာမမေးတာလဲ မေမေ ''

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now