Part (7)

19.8K 1.7K 45
                                    

Unicode

ဒီနေ့က The Singer မှာ Audition
ဖြေရမယ့်ရက်မို့ ရှင်းနဲ့ဝေလင်း ရင်ခုန်နေကြသည်။

Audition အောင်သွားရင် နောင်အပတ်က
စပြီး Hanzhou မှာ ရိုက်ကူးရေးစတော့မည်လေ ....

The Singer Show စထုတ်လွှင့်တာနဲ့ သူတို့က စင်မြင့်ပေါ်တက်ခွင့်ရတော့မည်။

သူတို့မိဘတွေလည်း ဖန်သားပြင်ထက်ကနေသူတို့ကြိုးစားမှုလေးတွေကို မြင်နိုင်မှာပါ ......

ကြည့်နေခဲ့မယ်ဆိုရင်ပေါ့ .......

" အဆင်သင့်ဖြစ်ကြပြီလား "

" ဟုတ်ကဲ့ boss "

" ဟီး ဖြစ်ပြီ ...... "

" အကောင်းဆုံးကြိုးစားခဲ့ကြနော် "

ပြောသာပြောတယ် သူ့ဖက်ကျမလှည့်ပဲ
ဝေလင်းခေါင်းကဆံပင်တွေကို
သပ်တင်ပေး နေသောလုံချင်နဲ့
နွားပွဲစျေးရောက်နေသလို ဖြီးနေသော
ဝေလင်းကြောင့် ရှင်းနှာခေါင်းသာ
ရှုံ့လိုက်မိသည်။

ကြိုက်မှာဖြင့်လည်း ကြိုက်လိုက်တာ
မဟုတ်ပဲ အကဲပိုပိုပြနေတာက
သူ့မျက်စိထဲ ကန့်လန့် ကန့်လန့်နဲ့ ......

တခါတလေ အတွဲမဟုတ်သော
မတွဲတတွဲကြားက Third wheel ဖြစ်နေသော သူကသနားစရာ ......

ဝေလင်းဆိုသည်မှာလည်း
လုံချင်နဲ့တွေ့သည်နှင့်
ရှင်းတွေဘာတွေအကုန်မေ့ တစ်လောကလုံး သူတို့ပဲရှိသည့်ပုံနဲ့ မထိတထိရိုပြတတ်သေးတာ .....

ဟင်း ... ဟင်း ... ငါသာ ကောင်မလေး
ချောချောရသွားလို့ကတော့
ဒင်းထိုင်ငိုသွားအောင် ရိုပြမယ် ......

စောင့်ကြည့်နေလိုက် ဟွန့် .....

" ကဲ ... အထဲ၀င်ကြတော့ Audition စတော့မယ် ....
လင်းရန်လေးကို ဂရုစိုက်ဦးနော် ယွင်ရှင်း "

အော့ .....

စိတ်မချရင် အထဲထိလိုက်ခဲ့ပါလား
သောက်အဖိုးကြီးရဲ့ ...

" ဟီး ရပါတယ် ချင်ကောရဲ့ ...
လင်းရန် ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ပါတယ် "

" ကိုယ်က စိုးရိမ်လို့ပါကွာ "

" သောက်ပိုတွေ .... "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now