Chapter-27(ပင်လယ်ထဲကလက ပုံရိပ်ယောင်သက်သက်ပဲ)

15.4K 1.7K 46
                                    

Zawgyi

"မင်း ငါ့ကို သူငယ်ချင်းလို့ကော သတ်မှတ်ခဲ့ရဲ့လား" လော့ရှန်ဟွာအသံဟာ ကျောင်းစင်္ကြလမ်းတစ်​လျှောက်လွှမ်းမိုးသွားတော့သည်၊​လော့ရှန်ဟွာတစ်ယောက် ဘာပြောရမလဲမသိ ဆွံအနေသည့် ဟန်စုမင်ကိုကြည့်ရင်း သူဟာ ဆက်ပြောလိုက်သည်၊

"နောက်နေ့ မင်းများတောင်းပန်မလားဆိုပြီး ငါစောင့်နေခဲ့တာ...လွန်တဲ့ရက်တွေက ဘာလို့ ငါမင်းကို လစ်လျူရှုနေတာလဲ မင်းတကယ်သိချင်တယ်ပေါ့? ငါ ပြောပြမယ်" လော့ရှန်ဟွာဟာ သူရဲ့လက်တဖက်ကို အိတ်ကပ်ထဲထည့်ကာ မျက်နှာထက်တွင်လည်း ခနဲ့ပြုံး ဆင်ထားပြီး ဝမ်းနည်းချင်ယောင်ဆောင်နေသည့်ဟန်စုမင်ကို စိုက်ကြည့်ကာ

"ငါ့မှာ ဒယ်ဒီရှိတာ မင်းသိတယ်... အဟက် ငါက မိဘမဲ့တစ်ယောက်ဆိုတဲ့ကောလဟာလက ဘယ်ကနေစပြီးပြန့်တာလည်း ငါမသိပေမယ့် လော့အိမ်တော်က စုံစမ်းရေးအဖွဲကို စုံစမ်းခိုင်းကြည့်ချိန်မှာ မင်းဆီမှာပဲ ဆုံးသွားတယ်...အေး ငါမယုံကြည်နိုင်ပေမယ့် လော့ရှန်ဟွာက မိဘမဲ့တစ်ယောက်ဆိုသည့် စကားကို ကောလဟာလစဖြန့်တဲ့သူက မင်းဖြစ်နေတယ်"

"မဟုတ်ဘူး မဟုတ်ဘူး ... ငါက ဘာလို့ အဲ့လို ဆိုးဝါးတဲ့အရာတွေ လုပ်ရမှာလဲ... မင်းငါ့ကို မယုံဘူးလား" လို့ သနားတမားလေးနဲ့ပြောလာတော့ လော့ရှန်ဟွာဟာ သူ့ကိုယ်သူ စိတ်ပျက်သလို အမူအရာဖြင့် ကြမ်းပြင်ကို စိုက်ကြည့်ရင်း...

"ငါ မင်းကို ယုံကြည်ခဲ့တာပေါ့ ... ဒါကြောင့် မင်းငါ့ကို ရုပ်ရှင်ကြည့်ဖို့ချိန်းတုန်းက အဲ့အကြောင်းကိုပါ မင်းပါးစပ်က အမှန်ပြောတာ လိုချင်ခဲ့တာလေ...ဒါပေမယ့် မင်းရောက်မလာဘူး...အဟက် "

"အဲ့တုန်းက... ငါ အရေးကြီးကိစ္စပေါ်လာလို့... "

"အရေးကြီးကိစ္စပေါ်လာရင်လည်း စာစောင်တစ်စောင်လေးပဲ ပို့လိုက်ပေါ့ ...စာတစ်စောင်ရိုက်ဖို့တောင် မင်းမအားဘူးလား?"

"ငါ..."

"နောက်နေ့ ငါ့ဒယ်ဒီကို ကျောင်းလိုက်ပို့တုန်းက မင်းဘယ်သူလဲမေးတုန်းခဲ့တာ မှတ်မိတယိမလား အဲ့တာ ငါ့ဒယ်ဒီပါလို့ ငါသေချာပြန်ဖြေခဲ့ရဲ့နဲ့ မင်းက ငါ့ရည်းစားပါ..ငါ့ကို မိဘမဲ့လားဆိုပြီး အခြားသူတွေအထင်လွဲအောင် ပြောခဲ့တယ်... ငါဘာကြောင့် ဒေါသတကြီးတုန့်ပြန်ခဲ့တာလဲ သိလား???"

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now