Part - 11

15K 1.2K 26
                                    

ဒီနေ့မှာဆိုရင်ဖြင့် မှန်ရှေ့မှာ ကြည့်မပြီးနိုင်ရှိနေသော အဝတ်စဖူးဝတ်ထားသော မြန်မာဝတ်စုံ ခဲရောင်နဲ့ စိုင်းခွမ်းမိန်းအား ၊ ဘေးမှ ဖြိုးထက်အောင်နဲ့အဂ္ဂပိုင် သိပ်မကြည်တော့။

"တော်သင့်ပြီ"

"တအားလှချင်နေတာလား"

"ငါ့အမေတောင်မင်းလောက်မပြင်ဘူး"

"အေးလေ"

"ပါးစပ်ပိတ်စမ်းပါ မင်းတို့ဘာသိလို့လဲ ၊ ယောက္ခမကြီးရှေ့မှာ perfectဖြစ်နေဖို့လိုတယ်"

"အံ့သြဘ"

"အာရုံမစားဘူးပေါ့"

"စားစရာလား အေးဆေးနေစမ်း ငပိုင်"

"မနေတော့ဘာလုပ်ချင်လဲ ငါမင်းကိုကြည်နေတယ်များထင်လား"

အဂ္ဂပိုင်ရဲ့ဘောက်ဆက်ဆက်အသံကြောင့် စိုင်းခွန်မိန်းအသံထပ်မထွက်လာတော့ ၊ ဆံပင်စတိုင်ကိုသာ သ မပြီးနိုင်လုပ်နေလိုက်သည် ။

မတတ်နိုင်ဘူး ဟိုလူ သွင်မင်းနဲ့သတင်းအချက်အလက်တွေဖလှယ်ရဦးမည် ။

"မင်းနေခဲ့လိုက်တော့"

ဖြိုးထက်အောင်စိတ်မရှည်စွာထပြောသည် ၊ တကယ်ထဲမှ မ ကို တွေ့ချင်နေပါပြီဆို ။

"ငါဆံပင်ကို ဘယ်လိုလုပ်ရမလဲ"

အဒီဆံပင်ကို တစ်ချိန်လုံးသူ့စိတ်ကြိုက်လုပ်နေတာကိုတောင် ဘယ်လိုလုပ်ရမလဲမသိသေးဘူးတဲ့လား ။

ထိုစဥ် အဂ္ဂပိုင် စာပွဲခုံဆီလျှောက်သွားတာကြောင့် လှမ်းကြည့်လိုက်တော့ အံဆွဲထဲမှ ကပ်ကြေးကိုဆွဲထုတ်ကာ ၊ လူမိုက်ပြုံးကြီးပြုံးလျက် စိုင်းခွန်မိန်းဆီတိုးလာသည် ။

"မင်း အဒါဘာလုပ်မလို့လဲ"

"ဘယ်လိုလုပ်ရမလဲမသိဘူးဆို ငါ ညှပ်ပေးမယ်"

"ငါလူး ဟေ့ကောင်"

"ဘာလဲ! အဒီအမွှေးကိုအခုထိပြင်နေတာ မပြီးနိုင်ဘူး စောက်မြင်ကတ်လာပြီ ၊ လာ ငါညှပ်ပေးမယ် လာ"

"မလာဘူး ဟေ့ကောင် မင်း အဒီကပ်ကြေးကြီးချစမ်းပါ"

"မချဘူး"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now