Ep-14

22.1K 1.3K 23
                                    

Uni.....

" ကျစ်!  ခများ ဘာတွေလုပ်နေပြန်တာလဲ "

မင်းဉာဏ်အော်သံကြောင့် ရှင်းသန့်နောင်လက်ထဲက အ၀တ်ခြင်း ဘုတ်ခနဲ ပြုတ်ကျသွားတော့သည်... ဆေးရုံတက်နေတဲ့ အတောအတွင်း အိမ်လဲ မရှင်းဖြစ် မလျှော်ကသေးတဲ့ အ၀တ်တွေလဲ တောင်လို ပုံနေပြီ.... ဒါကြောင့် အ၀တ်တွေကို စုပြုံလျှော်ဖို့လိုနေပြီ......

" ဆေးရုံမှဆင်းတာ မကြာသေးဘူး ဘာတွေ လုပ်နေပြန်တာလဲ "

" ကိုယ်အ၀တ်တွေ လျှော်ဖို့ "

" အဲ့အဝတ်တွေက တော်တော်အရေးကြီးနေလား "

" မဟုတ်ပါဘူး.... "

" ဟူးး  နေနေ ကျနော်လျှော်လိုက်မယ် " ပြောလဲ အ၀တ်ခြင်းကိုလဲကောက်ယူပြီ ရေချိုးခန်းဆီသို့....

" ဒါဆို ကိုယ်ဟင်းချက်လိုက်အုံးမယ် "

" ကျစ်! ခများငြိမ်ငြိမ်ထိုင်နေစမ်းပါ ကျနော်စားစရာတွေ မှာထားတယ် "

မင်းဉာဏ်ဆူလိုက်မှ ငြိမ်ကျသွားတဲ့လူကြီးပေါက်စ တကယ်ကလေးတစ်ယောက်လို ဘာလုပ်လုပ်လိုက်ဆူနေရတယ်.....နေကောင်းတာလဲမဟုတ်....ပြောရင်ကိုယ်ဘဲအပေါက်ဆိုးတယ်ဖြစ်အုံးမယ်....

" Omm ပါ "
.
.
.
.
.
.
.

ခနကြာတော့ အ၀တ်လျှော်ပြီး ထွက်လာတဲ့ မင်းဉာဏ် တစ်ကိုယ်လုံးလဲ ရေတွေနဲ့ ရွဲလို့ အင်္ကျီတွေကလဲ ရေဆိုလို့ ကပ်နေတဲ့ ၀မ်းဗိုက်တစ်လျှောက် အဘုအထစ်တွေနဲ့ ဆွဲမက်စရာ......

" ကျနော် အဲ့လောက်တောင် ကြည့်ကောင်းနေလား "

မင်းဉာဏ် ရဲ့ အဘုအထစ် တွေပေါ် မျက်စိမခွာနိုင်တဲ့ ရှင်းသန့်နောင်အား မေးလိုက်သည်...

" အာ..... ဟို ဟို.... အော် စား...စားစရာတွေ ရောက်ပြီ အဲ့ဒါပြောမလို့ "

ရှင်းသန့်နောင် တစ်ယောက် ရှက်ရမ်းရမ်းကာ စကားတွေတောင်ထစ်လို့.......

" Omm ဒါဆိုကျုပ်ရေချိုးလိုက်အုံးမယ် "

" အင်း ချိုး ချိုး "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" Babe လေးနိုးပြီလား "

မျက်လုံးလေးပွတ်ခါ ပွတ်ခါနဲ့ အိပ်ချင်မူးတူးရုပ်ကလေး.... အသဲယားလိုက်တာ...ဒီကလေးလေး လေးကိုဖွတ်ထားချင်မိသည်အထိ..... အိပ်ရေးမ၀သေးလို့လားမသိ မျက်လုံးလေးမဖွင့်ဘဲ ခေါင်းငြိမ့်ပြနေတဲ့ ပိစိနောက်တောက်လေး....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now