Chapter - 28

14.8K 1.7K 42
                                    

Zawgyi

ကျောင်းဆင်းချိန်ရောက်သည့်ချိန်မှာတော့ ထန်းဟော်ရှနဲ့ သူဟာ အတန်းပြင်ထွက်လာရင်း သူတို့ကို ကြည့်ကာ အတင်းတုပ်ချင်သည့် လူတစ်သိုက်ကို တချက်က အကြည့်ပေးလိုက်ပြီး အေးဆေးကျောင်းဝကို ထွက်လာတော့သည်၊ ဟန်စုမင်ကတော့ မသိရင် လော့ရှန်ဟွာကပဲ အနိုင်ကျင့်ထားသည့်ပုံစံဖြင့် အနောက်ဘက် အလှမ်းဝေးသည့်နေရာဟာ ဖြည်းဖြည်းလေးလိုက်လာတော့သည်၊ဘေးနားက သူရဲ့အပေါင်းအပါတွေကတော့ တစ်ယောက်တမျိုး နှစ်သိမ့်နေရင်း လော့ရှန်ဟွာနောက်ကျောကို မေတ္တာပို့နေကြတော့သည်၊

ထိုချိန်မှာ ရှအန်းထျန်း၊လိကုန်းရွှေနဲ့ကုဖုန်းမော့တို့ဟာ လော့ရှန်ဟွာနားရောက်လာသည့်ချိန်မှာတော့ သူတို့မျက်ဝန်းများဟာ မနာလိုအားကျမှုများနဲ့ ပြည့်သိပ်နေတော့သည်၊

ရှအန်းထျန်းကတော့ ထန်းဟော်ရှဘေးရောက်လာရင်း နားထိပ်လေးများရဲကာ ချက်ချင်းခေါင်းငုံ့ထားသည့်ဟော်ရှကို ကြည့်ရင်း ပြုံးပြုံးလေးနဲ့

"နေ့လည်က အဆင်ပြေရဲ့လား" လို့ မေးလိုက်သည့်ချိန်မှာ မျက်လုံးလေးပြူးသွားကာ သူ့ကို မော့ကြည့်လာပြီး လော့ရှန်ဟွာဘက်ကိုပါ လှည့်လာရင်း စိတ်မလုံသည့်ပုံစံလေးဖြင့်

"နေ့လည်စာ တန်းစီတုန်းက ငါ...ငါ ချော်လဲ သွားလို့လေ အဲ့တာကြောင့် ဥက္ကဋရှက ကူညီပေးခဲ့တာ အဲ့တာကို အဆင်ပြေလား မေးတာ"လို့ထန်းဟော်ရှကို ပြာသလဲလဲ ရှင်းပြနေသည့်  လော့ရှန်ဟွာကြည့်ရင်း...

"မင်းပုံစံက တစ်ခုခုကို ဖုံးကွယ်ထားချင်သလိုပဲ" ထန်းဟော်ရှတစ်​ယောက် လော့ရှန်ဟွာရဲ့အကြည့်တွေကြားမှာ ချွေးများစို့လာပြီး အားတင်းပြုံးကာ

"ဘယ်ကသာ... ငါက ဘာကို ဖုံးကွယ်ရမှာလဲ" ပြောလိုက်တော့ လော့ရှန်ဟွာဟာ ရှအန်းထျန်းကို တချက်သာကြည့်လိုက်ပြီး ထန်းဟော်ရှကိုကြည့်ကာ ဘောင်းဘီအိတ်ကပ်ထဲကနေ ယောကျာ်းသုံးလက်ကိုင်ပုဝါကို ထုတ်ကာ ပေးလိုက်ရင်း

"မင်း အရမ်းချွေးထွက်နေတယ်... ရော့"

"ဟားဟား...ကျေးဇူးပဲ ဒီနေ့ နေအရမ်းပူတော့ ချွေးခဏခဏ ထွက်နေတယ်" လို့ ပြောလာသည့်ထန်းဟော်ရှစကားကို လော့ရှန်ဟွာ ပြန်လည်မတုန့်ပြန်တော့ပေ၊ဆောင်းဝင်ခါနီး မိုးနှောင်းပိုင်းမှာ နေထပူနေသည့်အရူးကို သူက ဘာဆက်ပြောရမှာလဲ၊ ဘေးနားမှာလည်း ငါးခူပြုံးပြုံးနေသည့် ရှအန်းထျန်းကြောင့် ဒီနှစ်ယောက်ကြားမှာ ကြီးမားသည့်ကိစ္စဖြစ်ခဲ့သည်ဆိုတာ ခန့်မှန်းမိလိုက်ပေမယ့် ဖွင့်ဟဝန်ခံဖို့ကြောက်နေသည့်ဟော်ရှကြောင့် သူဘာမှ ဆက်မပြောတော့ဘဲ လီကုန်းရွှေတို့ဘက်လှည့်လာရင်း

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now