အပိုင်း၁၉

9K 688 36
                                    

Unicode

ကျိုးယွင်က ကျောင်းကို သွားသည့် လမ်းတစ်လျှောက်လုံး ကိစ္စအားလုံးကို ဘယ်လို ဆောင်ရွက်သင့်ကြောင်း မရပ်မနား တွေးတောနေမိသည်။ သူ့ရဲ့ ကျောင်းက အကြောင်းအရာတွေအားလုံးကို မည်သည့်နည်းဖြင့်မဆို အနှေးနဲ့ အမြန် ရှောင်ဟန် ကောရဲ့ နားထဲ ရောက်သွားမှာကို သူမလိုလားပေ။သိုပေမဲ့ သူကြားဖူးတဲ့ စကားပုံအရဆိုရင် ကိစ္စတစ်ခုမှာ လက်ဉီးတဲ့ သူက အနိုင်ရစမြဲ။ မည်သည့် အကြောင်းအရင်း​​ကြောင့်ပဲဖြစ်နေပါစေ လူဆိုတာက အရင်ဉီးဆုံးကြားထားရ သိထားရတာတွေကို အစစ်အမှန်အဖြစ် ပိုပြီး သတ်မှတ်တတ်ကြတယ်ဆိုတာတော့ သူသိထားသည်။

ဤသို့ဆိုရင်ဖြင့် သူ ကောကို သူ့ဘက်က အရင်ဉီးဆုံး အယုံသွင်းထားမှသာ အဆင်ပြေပေလိမ့်မည်။
ကျိုးယွင် သူကပြောသင့်မပြောသင့်ကိုသေချာစဉ်းစားလိုက်ပြီး အနားတွင်ရှိသည့် ရှောင်ဟန်ကောကို တစ်ချက်အကဲ ခတ်လိုက်သည်။ ကောက အပြငဘက််ရူခင်းများကိုသာ အသစ်အဆန်းလုပ်ပြီး ကားမှန်မှတစ်ဆင့်လိုက်ကြည့်နေလေသည်။ ရှောင်ဟန်ကော ထိုပတ်ဝန်းကျင်ကို အာရုံမစိုက်တော့သည့်အချိန်မှသာစကား စပြောရန် စောင့်နေလိုက်တော့သည်။ သူလည်း အလျင်လိုတာမျိုးကို သိပ်ပြီး မကြိုက်နှစ်သည့်အတွက်ကြောင့်...စိတ်ရှည်စွာနဲ့ပဲ ကောကို အကဲခတ် ကြည့်နေလိုက်သည်။

ကျိုးအိမ်တော်၏ မာစီးရီးကားနက်ကြီးသည်
ရှန်ဟိုင်းမြို့အလယ်ရှိ ကိုယ်ပိုင်ကျောင်းဝန်းကြီးထဲသို့ ဝင်ခါနီးသည့်အချိန်တွင် ကျိုးယွင်က ရှောင်ဟန်ဘက်ကို ခေါင်းကလေးလှည့်လာပြီး စိတ်ပျက် အားငယ်စွာ စကားစ ပြောလာသည်။

"ရှောင်ဟန်ကော...ကောကိုကျွန်တော်ပြောစရာ တစ်ခုရှိတယ် ကော... ကျွန်တော့်ကို ယုံကြည်ပေးမယ်မလားဟင်..."

ရှောင်ဟန်က ကျိုးယွင်ရဲ့ အဝင့်မရဲဖြစ်ပြီးမေးလာတဲ့ ပုံစံလေးကိုကြည့်ပြီး မသိမသာ သက်ပြင်းတစ်ချက်ချလိုက်မိကာ ထိုကလေးရဲ့ ခေါင်းကလေးကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးလိုက်ပြီး တစ်ချက်ပြုံးလိုက်ကာ

"အဆိုးလေး... ကောက ဘယ်တုန်းက အဆိုးလေးကို မယုံကြည်တာရှိလို့လဲ...လျှောက်ပြီးသွေးပူနေပြန်ပါပြီ...ကဲပြော...ကော နားထောင်ပေးမယ်..."

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now