Part 12 (U+Z)

6.1K 479 58
                                    

#Unicode

ဒီနေ့ လင်းရာတို့အသင်းနဲ့ လူကြီးတို့အသင်း  ထိပ်တိုက် တွေ့ကြရမည်ဖြစ်သည်။ လူကြီးတို့အသင်းက အရမ်းကောင်းတာကြောင့် လင်းရာ စိတ်ပူပါသည်။

ဒီနေ့ပွဲက လင်းရာတို့ကို အဆုံးအဖြတ်ပေးမည့်ပွဲလည်းဖြစ်သည်။ ဒီပွဲမှာ ရှူံးသည်ဖြစ်စေ၊ သရေကျသည်ဖြစ်စေ လင်းရာတို့အသင်းက ထွက်ရပေမည်။ ထို့ကြောင့် လူကြီးတို့အသင်းကို နိုင်အောင်ကန်နိုင်မှ နောက်တစ်ဆင့်သို့ တက်ရ‌မည်ဖြစ်သည်။ သို့ပေမယ့် လူကြီးတို့အသင်းကို နိုင်အောင်ကန်နိုင်ဖို့ဆိုတာ မလွယ်ကူလှပေ။ သေချာသည်က လင်းရာတို့ ထွက်ကြရမည်မှာ အသေအချာပင်။

ပွဲစပြီး ဆယ့်ငါးမိနစ်အကြာမှာ တစ်ဂိုးအသွင်းခံလိုက်ရသည့် လင်းရာတို့အသင်းက လူကြီးတို့အသင်းနှင့် ခွေးရူးလိုက်တမ်း ကစားနေရသလို ဖြစ်နေ‌ပါတော့သည်။ အသင်းကို ကစားကွက်ပြန်ဖော်ပြီး အချိတ်အဆက်မိအောင် ပြန်ထိန်းပြီးကစားလိုက်ရသည်။

တစ်ဖက်အသင်းကို ချေပဂိုး ပြန်သွင်းနိုင်ဖို့ ကြိုးစာနေတဲ့ လင်းရာက ဘာကိုမှ မမြင်နိုင်ဘဲ ဘောလုံးကို တောက်လျှောက်ဆွဲလာခဲ့လိုက်သည်။ လမ်းက အတားအဆီးမှန်သမျှကို ကွေ့ခေါက်လှည့်ဝိုက်ပြီး ဆွဲလာခဲ့ပေမယ့် တစ်နေရာအရောက်မှာ မထင်မှတ်ထားသော တိုက်ကွက်ဖြင့် အတိုက်ခံလိုက်ရသည်။

လင်းရာကြိုးစားပြီး ဆွဲယူလာသည့် ဘောလုံးကို ဖျက်ထုတ်ဖို့ကြိုးစားလိုက်တဲ့ လူကြီးကြောင့် လင်းရာ ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်တော့ဘဲ လေပေါ်နှစ်ပတ်လည်ကာ ဂျွမ်းပြစ်ပြီး ဒလိမ့်ခေါက်ခွေး ပြုတ်ကျသွားရသည်။

"အမလေး သားသားရေ"

ခင်လေး ဘာကိုမှ မမြင်နိုင်တော့ဘဲ အဆင့်ငါးဆင့်ကျော်ပြီးမှ မြေကြီးသို့ရောက်နိုင်မည့်နေရာတွင် ရှိနေသည့်ခင်လေးက သားသားစိတ်ကြောင့် နှစ်ချက်လောက်ပဲ ကျော်လိုက်ရသည်ထင် မြေကြီးပေါ်သို့ ရောက်သွားလေသည်။ မျက်လုံးထဲတွင် သားသား နှစ်ပတ်လည်ကာ ဂျွမ်းပြစ်ကျသွားသည့် ပုံရိပ်ကိုသာ အထပ်တလဲလဲ မြင်ယောင်နေမိသည်။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now