Chapter(29):အလုပ်များခြင်း အလုပ်များခြင်း

6K 1.1K 6
                                    

Zawgyi

မနက်စာစားပြီးနောက် အဖေနှင့်သားနှစ်ယောက်က
ငရုတ်သီးတွေကို စတင်နေပူလှန်းတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငရုတ်အနှစ်လုပ်မယ်ဆိုရင် ငရုတ်သီးတွေကို အရင်အမှုန့်ဖြစ်အောင် လုပ်ရာမှာမို့လို့ပဲဖြစ်တယ်။ တကယ်လို့ငရုတ်သီးက
လုံလုံလောက်လောက်မခြောက်သွေ့ဘူးဆိုရင် အမှုန့်အဖြစ်ကြိတ်ဖို့ ခက်ခဲလို့ပဲဖြစ်တယ်။

သူတို့အိမ်ဆောက်ပြီးတုန်းက ဝါးတွေအများကြီးကျန်ခဲ့သေးတယ်။ ရှုရန်ကရှုအန်ကို ဆန်နှင့်ဂျုံကိုနေပူလှန်းဖို့လိုမျိုး နောက်ကျရင် လိုအပ်တဲ့နေရာမှာအသုံးပြုဖို့အတွက် ကျန်တာတွေကို ဝါးဖျာလုပ်ပေးဖို့ပြောခဲ့တယ်။

ယခုရှုရန်က ဝါးဖျာကိုချခင်းလိုက်ပြီးတော့ ကလေးနှစ်ယောက်ကို ငရုတ်သီးတွေဖြန့်ခင်းဖို့ ပြောလိုက်တယ်။ သူထို့နောက် သူ့ဘာသာသူ ပဲပိစပ်တွေကို သယ်ထုတ်ဖို့ အထဲကိုပြန်ဝင်သွားလေတယ်။ မနေ့တုန်းက သူတို့တွေပဲစေ့တွေကို သူတို့ရဲ့အခွံတွေနှင့်အတူ ကောက်လာခဲ့တယ်။ ထို့ကြောင့် အစေ့တွေကို အပြင်ထွက်လာအောင် ရိုက်ထုတ်ဖို့ လုံလုံ​လောက်လောက်မခြောက်သွေ့ခင်အထိ နေပူထုတ်လှန်းမှဖြစ်မယ်။ ပဲပိစပ်ကဒီနေရာမှာ ရှားပါးပြီးတော့ သူတို့က စားလို့ရတယ်ဆိုတာကို သိတဲ့လူက နည်းနည်းလေးပဲရှိတယ်။ သူတို့ဘာသာသူတို့ ပေါက်ရောက်နေကြတယ်။

ဒီနေရာမှာ တိုဖူးပေါ်နေပြီဆိုပေမယ့်လည်း မုန်လာဥဖြူနှင့်အသီးအရွက်တွေလောက် နာမည်မကြီးဘူး။ အခုလက်ရှိမှာ မိသားစုအနည်းငယ်လောက်ပဲ အိမ်မှာ အမှုန့်ကြိတ်စက်ရှိတယ်။ အဲ့ဒါကြောင့် တိုဖူးစားဖို့ဆိုရင် ပဲတွေကိုကြိတ်ခိုင်းဖို့ သူတို့တွေက တစ်စုံတစ်ယောက်ကိုငွေပေးဖို့ လိုအပ်တယ်။ ဒီမှာရှိတဲ့လူတွေက အမှန်တကယ်ကို ဆင်းရဲကြတယ်ဆိုတာကို ရှုရန်သိတယ်။

ဘာပဲဖြစ်ဖြစ် သူတို့မိသားစုက ပဲပိစပ်တချို့ကိုရလိုက်လို့ တကယ်ကိုကံကောင်းတယ်။

ရှုရန်က အဲ့ဒါကိုတွေးရင်းနှင့် ပျော်နေမိတယ်။

ပစ္စည်းတွေအကုန်လုံးကို ဝါးဖျာပေါ်မှာ နေပူလှန်းထုတ်မပြီးခင်အထိ အဖေနှင့်သားနှစ်ယောက်က အချိန်အကြာကြီး အလုပ်လုပ်နေခဲ့တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now