Chapter(30):ကြိတ်ဆုံကျောက်-1 ကြိတ်ဆုံကျောက် -1

6K 975 8
                                    

Zawgyi

ပဲပိစပ်တွေကို နှစ်ရက်ပဲနေပူလှန်းတဲ့အချိန်မှာ ငရုတ်သီးတွေကိုတော့ သုံးရက်ကြာအောင် နေပူလှန်းလိုက်တယ်။

ဒီသုံးရက်အတွင်းမှာ သူတို့တွေက ဝါးကျည်တောက်တွေ ပြုလုပ်ပြီးသွားတယ်။ အခုနှစ်ရာထက်တောင် ပိုလိမ့်မယ်။ ငရုတ်အနှစ်အဆင်သင့်ဖြစ်သွားရင် သူတို့တွေကို အဲ့ထဲမှာသိုလှောင်ထားလို့ရပြီ။

သူတို့တွေအတွက် ငွေအပိုကုန်ကျမယ်ဆိုတာ သိနေပေမဲ့လည်း ရှုရန်ကလျိုထုံကို စဥ့်အိုးကြီးကြီးတစ်လုံးဝယ်ဖို့ ပြောနေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငရုတ်အနှစ်တွေက အချိန်အနည်းငယ်ကြာအောင် တစ်နေရာရာမှာထားထားရမှာပဲလေ။ တကယ်လို့ အနှစ်တွေကို စဥ့်အိုးထဲမှာ အချိန်အနည်းငယ်ကြာအောင် ထားရမယ့်အစား ဝါးကျည်တောက်ထဲကို တိုက်ရိုက်ထည့်လိုက်မယ်ဆိုရင် အဲ့ဒါက ကောင်းကောင်းအလုပ်လုပ်မှာ မဟုတ်ဘူး။

ငရုတ်သီးကို အမှုန့်ဖြစ်အောင် အရင်ကြိတ်ဖို့လိုအပ်တဲ့အချိန်မှာ ပဲပိစပ်က သူ့ဘာသာသူ အချဉ်ဖောက်နိုင်တယ်။ သို့သော်လည်း သူတို့တွေက ရွာထဲက တစ်ချို့မိသားစုတွေလိုမျိုး ကြိတ်ဆုံကျောက်တစ်ခုမှ မပိုင်ဘူး။ သူတို့တွေက ပဲတွေကိုအမှုန့်ဖြစ်အောင် ကြိတ်ဖို့အတွက် ပဲနိအနည်းငယ်ပေးရမယ်။ ဒါပေမဲ့ သူတို့ရဲ့ကြိတ်ဆုံကျောက်တွေကို ငှါးဖို့ တစ်ယောက်မှမလိုလားမှာကို ရှုရန်စိတ်ပူနေမိတယ်။

သူကရွာသားတွေနှင့် အရမ်းမရင်းနှီးဘူး။ အဲ့ဒါကြောင့် လျိုထုံက ဒီတာဝန်ကိုယူလိုက်တယ်။

ဒါုအပြင်ကို သူတို့တွေအများကြီးကြိတ်ဖို့ လိုအပ်နေမယ်ဆိုရင် သူတို့ပေါ်မှာ သံသယအချို့ မြင့်တက်လာလိမ့်မယ်။ ရုတ်တရက်အဲ့လိုအတွေးမျိုး ရှုရန်ဆီမှာ ဖြစ်ပေါ်လာတော့ ရိုးရှင်းစွာနှင့်ပဲ သူ့ဘာသာသူတစ်ခုပြုလုပ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် အဲ့အရာကို ဘယ်လိုပြုလုပ်ရမလဲဆိုတာကို သူမှတ်မိတယ်။

တကယ်လို့သူတို့မှာ သူတို့ရဲ့ကိုယ်ပိုင်ကြိတ်ဆုံကျောက်ရှိလာမယ်ဆိုရင်
သူတို့လိုအပ်တဲ့အချိန်တိုင်း ကြိတ်ဖို့အတွက် အဲ့ဒါကအဆင်ပြေတယ်။ ဒါ့အပြင်ကို သူတို့မှာလည်း လာလည်သူတွေသိပ်မရှိတဲ့အတွက် ဘယ်သူ့မှအဲ့ဒါကို ရှာတွေ့မှာမဟုတ်ဘူး။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now