Chapter(30):ကြိတ်ဆုံကျောက်-2 ကြိတ်ဆုံကျောက်-2

5.6K 1K 8
                                    

Zawgyi

ဒီမြင်ကွင်းကရှုရန်ကို သေချာပေါက် ခေတ်သစ်တရုတ်ရဲ့ တောင်ထူထပ်တဲ့မြို့တစ်မြို့ဖြစ်တဲ့ ချုံချင်းမှာရှိတဲ့ BangBang လို့ခေါ်တဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်ကို အမှတ်ရသွားစေတယ်။ အဲ့ဒါကအမှန်တကယ်ကို ချုံချင်းမှာလိုမျိုးပဲ့! (Translator's note: BangBangဆိုတာက ဒီနေ့ခေတ်အထိ လုပ်ဆောင်နေဆဲဖြစ်တဲ့ မော်ဒန်စက်ပစ္စည်းတွေ ဒါမှမဟုတ် မော်ဒန်နည်းပညာတွေမပါဘဲ လေးလံတဲ့ပစ္စည်းတွေကို အကူအညီမပါဘဲ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးနေတဲ့ ကာယအားနှင့်ဆိုင်တဲ့ အလုပ်ကြမ်းသမားတွေကို နာမည်ပေးထားတာဖြစ်တယ်။)

သူတို့မနက်ပိုင်းမှာ ထွက်ခွာသွားပြီးတော့ သူတို့ပြန်ရောက်လာတော့ မွန်းတည့်ချိန်ဖြစ်နေပြီ။ သူတို့အဲ့ဒါအတွက် နေ့တစ်ဝက်လောက် အချိန်ပေးလိုက်ရပေမဲ့ ကြိတ်ဆုံကျောက်ကို ခြံဝင်းထဲမှာ မြင်လိုက်ရတဲ့အချိန်မှာ သူတို့အားလုံး
ပျော်ရွှင်ကျေနပ်သွားသလို ခံစားလိုက်ရတယ်။ အားအများကြီးစိုက်ထုတ်လိုက်ရပေမဲ့ အဲ့ဒါက အလဟဿမဖြစ်ခဲ့ပါဘူး။

သူတို့မထွက်ခွာခင်က ရှုရန်က တျန်းတျန်းနှင့်ကော်ကော်ကို ရေအချို့တည်ထားဖို့ ပြောထားတယ်။ အဲ့ဒါမှ သူတို့ပြန်ရောက်တဲ့အချိန်ကျရင် သောက်နိုင်မှာဖြစ်တယ်။

တျန်းတျန်းနှင့်ကော်ကော်လိုမျိုး တော်တဲ့ကလေးတွေက သဘာဝကျကျကိုပဲ သူတို့မိဘတွေပြောစကားကို လိုက်နာကြတယ်။ အစောကြီးကတည်းက ရေကပြင်ဆင်ပြီးသွားပြီ။
သူတို့ပြန်ရောက်တဲ့အချိန်မှာ သူတို့ရှစ်ယောက်စလုံးက သူတို့ရဲ့ပါးစပ်ထဲကို ရေတွေလောင်းထည့်ကြတော့တယ်။

သူတို့ရဲ့ဗိုက်တွေအကုန်လုံး ရေတွေနှင့်မပြည့်အင့်လာခင်အထိ သူတို့မရပ်ခဲ့ကြဘူး။

တျန်းတျန်းနှင့်ကော်ကော်တို့က အိုးနှင့်ထမင်းတောင် ချက်ထားကြတယ်။ ဒါပေမဲ့ သူတို့ဟင်းတော့ မချက်ထားကြပါဘူး။

အချိန်အကြာကြီးအနားယူပြီးတဲ့နောက် လျိုထုံက မီးဖိုချောင်ထဲကို ဝင်သွားတယ်။ တစ်ခြားလူတွေက
အနားယူနေကြတုန်းပဲ။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now