Part-69(ရွက်စိမ်းလေး ဆိုးရင်ကိုကိုကမချစ်ဘူးလား..?..)

18.5K 2.1K 280
                                    

(Zawgyi)🍀🍀🍀

PART-69
(ကိုယ်..ချစ်သော clover..!!..)


"ကောင်းပါပြီ ဒီအတိုင်းဘဲ သတ်မှတ်တာပေါ့..။
ဈေးကွက်တိုးတက်မှုအခြေအနေကို စာရင်းလုပ်ပြီး
အစီရင်ခံစာ တစ်စောင်လာတင်ပေးပါ.."

"ဟုတ်ကဲ့ မန်နေးဂျင်း.."

ညွှန်ကြားစရာများပြီးသည်နှင့် စာရွက်စာတမ်းများ
ကို စစ်ဆေးနေသော မန်နေးဂျင်းက ခေါင်းတငြိမ့်ငြိမ့်။
အမြဲပြုံးနေတတ်သော မန်နေးဂျင်းလင်းနေက လူချစ်
လူခင်များသည်။ အမှားတစ်ခုကျူးလွန်မိတိုင်း ရှင်းပြ တတ်ကာ အကြောင်းအရင်းကို သေချာနားထောင်ပေး
လေ့ရှိသည်။ ဒါကလည်း မန်နေးဂျင်းလင်းနေ၏ လူ
ချစ်လူခင်များရခြင်း၏ အကြောင်းအရင်းတစ်ခုလည်း
ဖြစ်သည်။

မန်နေးဂျင်းက ငယ်ရွယ်ကာ ချောမောသော သူတစ်
ဦးဖြစ်သည်။ ပြုံးလိုက်တိုင်းတော်ဝင်မင်းသားလေး
နှင့်တူသောကြောင့် အမျိုးသမီးဝန်ထမ်းများ၏ သည်း
သည်းလှုပ်ခြင်းကိုခံရသည်။ မန်နေးဂျင်း၏ ဆန့်ကျင်
ဘက်ဖြစ်သော ဥက္ကဌဒီရေလှိုင်းကိုတော့ အနားပင်
မကပ်ရဲကြပေ။

ဥက္ကဌဒီရေလှိုင်း မျက်ခုံးတွေတွန့်ချိုးသွားတိုင်း သူ
တို့မှာ ချွေးပြန်ရမြဲပင်ဖြစ်သည်။ မန်နေးဂျင်းက..
သူ့အကျင့်အတိုင်း မူပိုင်အပြုံးလေးဖြင့်ပြောလာ
သည်။

"ဒါဆို ကိုယ်ရုံးခန်းပြန်လိုက်ဦးမယ်.. အားလုံးအလုပ်
ကြိုးစားကြပါ..ရလဒ်ကောင်းရင် ဒီတစ်ပတ်ပိတ်ရက်
မှာအားလုံးအတွက် စားသောက်ပွဲလေးတစ်ခု စီစဉ်
ပေးမယ်.."

ပရောဂျက်အဖွဲ့သားအားလုံး၏ ပျှော်ရွှင်စွာ
အားပေးသံနှင့် လေချွန်သံများကပြည့်သွား
သည်။ အားလုံးက အလုပ်ကိုပိုကြိုးစားပါ့မယ်
ဟု ကတိပေးလာကြသည်။ လင်းနေက အပြုံးဖြင့်
ပင် ခေါင်းငြိမ့်ကာ ရုံးခန်းသို့ပြန်လာလိုက်သည်။

လင်းနေက အတွင်းရေးမှူး မထားသောကြောင့်
လင်းနေ၏ ရုံးခန်းဘက်တွင် အတော်အသင့်..
တိတ်ဆိတ်နေတတ်သည်။ လင်းနေက ဖိုင်တစ်ခု
ကို ကိုင်ရင်းအေးဆေးကျော့မော့စွာ လျောက်လာ
လိုက်သည်။

Clover your'e my clover[Completed]Where stories live. Discover now