Ep-(6)

6.3K 472 40
                                    

[Unicode]

ကျေးဌက်တို့ရဲ့အသံနှင့်အတူ...မနက်ခင်းမှာထွက်ပေါ်လာတဲ့နေမင်းကြီးရဲ့အလင်းရောင်နဲ့အနွေးဓာတ်လေးဟာအိပ်ရာပေါ်ရှိကောင်လေး၏မျက်နှာပေါ်သို့ဖြန့်ကျက်လျက်ရှိရာ...

'အင်းး...'

ပျင်းကြောဆန့်ကာ...နိုးလာသောရှင်းပိုင်

'အာ...ငါညကအစောကြီးအိပ်ပျော်သွားတာဘဲ.. ဝါးးး..'

တစ်ယောက်ထဲသန်းဝေကာစကားပြောနေ
စဥ်...သတိရသွားမိတာကညတုံးအကြောင်းတွေ...ဦးနှောက်ကိုအလျင်မြန်အလုပ်ပေးကာစဥ်းစားမိလေတော့...ညကဦးထွဋ်ဖုန်းပြောနေတုံးကငါ Tv ကြည့်နေတာပါ...ဒါဆိုဦးထွဋ်ချီပြီးကုတင်ပေါ်တင်ပေးခဲ့တာပေါ့...။ဦးထွဋ်ကိုအားနာစရာတော့ဖြစ်ကုန်ပါပြီ။

*အဲ့လူကြီးကလေဘာမှန်းလဲမသိဘူး..သူ့ကိုနိုးလိုက်လို့လဲရရဲ့သားနဲ့ကို...ပိုင်ကဦးထွဋ်ရဲ့ရင်ခွင်ထဲမှာဆိုတော့..အဟိ....ရှက်လိုက်တာ*

ထိုစဉ်ဖုန်းထဲသို့ဝင်လာသော Messageတစ်စောင်...

"Morning ကလေး...
ကလေးအိပ်ပျော်သွားလို့ညကသေချာအိမ်တံခါးတွေပိတ်ခဲ့ပေးတာမို့...ကိုယ့်ကိုအားနာမနေနဲ့အုံး.."

စာဖတ်ပြီးတာနဲ့ရှင်းပိုင်ပြုံးလိုက်မိတယ်..ဒီလူကြီးကသူ့အတွေးတွေကြိုသိနေသည့်အလား...။

နွေးထွေးတယ်၊လုံခြုံတယ်...
ဦးထွဋ်နဲ့အတူရှိတိုင်းခံစားရတဲ့အရာတွေ...။ရှင်းပိုင်တစ်ယောက်...ဒါတွေဟာဘာကြောင့်များရယ်လို့ဆို​ပြီးမေးခွန်းတပ်ကာအဖြေကိုမရှာဖွေချင်...ဘာလို့ဆိုသူနာကျင်ရမှာကြောက်နေမိလို့ဘဲ...။

ထို့နောက်ရှင်းပိုင်လဲဆိုင်သွားဖို့အတွက်ပြင်ဆင်ရတော့တယ်...အရင်ရက်တွေကရဲရင့်ကိုအကျိုးအကြောင်းဖုန်းဆက်ပြီးပြောထားတာမို့...ရဲရင့်လဲဆိုင်ကူထိုင်ပေးသည်လေ...။

ဆိုင်သို့ရောက်သော်...ရဲရင့်ကဆိုင်ကို
အရင်ဖွင့်ပေးထားတာမို့...စိတ်ထဲကနေသာကျေးဇူးတင်လိုက်တယ်...။

"သြော်..မောင်မင်းကြီးသားအပိုင်...
ပေါ်တော်မူလာသေးတယ်နော်...
ငါဖြင့်လင်နောက်လိုက်သွားပြီထင်နေတာ.."

l Found Right Person(Complete)Where stories live. Discover now