Part (11)

17.8K 1.7K 116
                                    

Unicode

မနက်ခင်းရောက်တော့ ရှင်းတို့အားလုံး Adidasအင်္ကျီတစ်ထည်စီနှင့် ဖိနပ်တစ်ရံစီ လက်ဆောင်ရကြသည်။

ရှင်းတစ်ယောက်ကိုတော့ ဦးထုပ်အဖြူလေးတစ်လုံးပါ အပိုထည့်ပေးထားသည်တဲ့ ....

အခုလိုကျတော့လည်း ဒီလူကြီးက
တော်တော်ကြီးကို ရက်ရောသားပဲ.....

ဘယ်လောက်များချမ်းသာနေလို့
ဒီလိုတွေပေးနေတာလဲ မသိ....

ဘာပဲဖြစ်ဖြစ် ရိ၀မ်လောင်ရှစ် သဘောကောင်းကြောင်းတော့ လက်ခံရမည်...

တခါတလေ မျက်နှာတည်ကြီးနဲ့အော်တတ်တာက လွဲရင်ပေါ့ ......

" အားလုံးသဘောကျကြရဲ့လား "

ရှင်းတို့ အင်္ကျီတွေထုတ်၀တ်ကြည့်နေတုန်း
ရိ၀မ်က ၀င်လာ၏။

" သဘောကျပါတယ် "

" ကျေးဇူးတင်ပါတယ် လောင်ရှစ် "

ရိ၀မ်မျက်လုံးကတော့ အောက်ခံလက်ရှည်အနက်မှာ Adidas အဖြူလေး ထပ်၀တ်ထားသည့် ရှင်းဆီမှ မခွာ .....

ကလေးသေးသေးလေးက ဖြူနုနုအသားအရေနဲ့ အခုလိုလေး၀တ်ထားတော့ ထင်းထွက်နေတာ .....

ဦးထုပ်အဖြူလေးဆောင်းပြီး ဖိနပ်အဖြူလေးစီးလိုက်ရင် ပိုပြီးပြည့်စုံသွားမှာ
အသေအချာ ......

ကိုယ့်စိတ်ကူးနဲ့ကိုယ် ကျန်တဲ့Traineeတွေကို ကျော်ပြီး ယွင်ရှင်းဆီလျှောက်သွားသော
ထိုကလေးက တောင့်တောင့်ကြီးရပ်နေလေသည်။

မျက်လုံးလေးပြူးကာ အသက်တောင်ရှူနေရဲ့လားမသိ ......

အနားရောက်တော့ ပုံမကျပဲ တွန့်နေတဲ့
အင်္ကျီလေးကို သေချာဆွဲချပေးပြီး
တံဆိပ်ပါဖြုတ်ပေးလိုက်သည်။

ရှင်းမှာ နီးကပ်လာသော ရိ၀မ်ခန္ဓာကိုယ်ကြောင့် အသက်အောင့်ထားမိသည်။

ရှင်းရဲ့အင်္ကျီကိုသေချာပြင်ပေးပြီး ဘေးက
ဦးထုပ်လေးပါ ကောက်ဆောင်းပေးလိုက်သေးသည်။

ဒီလူကြီးဘာတွေလုပ်နေပါလိမ့် .....

ရှင်းတစ်ကိုယ်လုံးကို သေချာကြည့်ပြီး
တစ်ချက်ပြုံးကာ ရှင်းရဲ့ပခုံးကို သူ့လက်နဲ့အသာပုတ်သည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now