#Unicode
တူ တူ တူ တူ တူ
ဖုန်းသံကြား၍လိုက်ရှာတော့ ဖုန်းက အနားတွင်မရှိပေ။
"သာထူးရေ သာထူး"
"ဟေ . . . လာပြီ . . . လာပြီ . . . သဲလေး"
လူတစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာနေတာကြောင့် အိပ်ရာပေါ်မှာပဲ ကွေးနေရသည်။ အဖျားလည်း နည်းနည်းရှိတော့ ကိုယ်လည်း ပူနေသည်မို့ မထနိုင်တာလည်းပါသည်။
"သဲပြော ဘာခိုင်းစရာရှိလို့လဲ"
"ဖုန်းလာနေတဲ့အသံကြားလို့ ငါ့ဖုန်းလေးယူပေးပါဦး။ အသံက လွယ်အိတ်ထဲက လာတာထင်တယ်။ လွယ်အိတ်ထဲ ရှာကြည့်ပေး"
"Ok Ok"
မလှုပ်နိုင်သည့်လင်းရာကို မျက်နှာသစ်ပေးတာကအစ အင်္ကျီလဲပေးတာအဆုံး သာထူးကပဲ လုပ်ပေးပါသည်။ ဒီသူငယ်ချင်းလေးက အမြဲတမ်း ပေါ့ပျက်ပျက်နေခဲ့ပေမယ့် လင်းရာ ဒုက္ခရောက်တဲ့အချိန်မှာ အနားမှာပြုစုပေးပြီး လိုအပ်တာမှန်သမျှ လုပ်ပေးနေခဲ့တာပါ။
နေမကောင်းတာကြောင့်ရော အသားတွေနာတာကြောင့်ရော ခန္ဓာကိုယ်လှည့်လိုက်တိုင်း ငြီးညူမိသည့်အခါ အနားကိုပြေးလာပြီး "ဘာဖြစ်လို့လဲ၊ ဘယ်နားနာနေလဲ၊ အရမ်းနာနေလား" ဆိုပြီး စိုးရိမ်ပေးရှာသည်။ ကိုယ့်မျက်နှာလေး ရှုံ့သွားတိုင်း သူ့မျက်နှာလေးလည်း မကောင်းပေ။ အဖျားတက်လာလို့ ငိုတိုင်း သူပါလိုက်ငိုတတ်ပေသည်။ ဒီကောင်လေးက ကောင်းတူဆိုးဘက် အေးတူပူမျှ ညီအစ်ကိုရင်းနဲ့မခြားတဲ့ သူငယ်ချင်းကောင်းလေး ဖြစ်ခဲ့ပါသည်။
"တွေ့လား"
"အင်း"
"ဘယ်သူလဲ"
"မသိဘူး ဖုန်းနံပတ်အစိမ်းကြီး နာမည်မရှိဘူး"
"ဟင်"
သာထူးလာပေးတဲ့ ဖုန်းလေးကို ယူပြီး ကြည့်လိုက်တော့လည်း လင်းရာ မမြင်ဘူးတဲ့ ဖုန်းနံပတ်အသစ်ဖြစ်နေပါသည်။ တချို့နံပတ်တွေဆို နာမည်မှတ်မထားပေမဲ့ ဘယ်သူလဲဆိုတာ သိသော်လည်း ဒီဖုန်းနံပတ်ကိုတော့ လုံးဝမသိပေ။
"ဟဲလို"
"ဘေဘီလား"
"လူကြီးလား"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။