Chapter - 20

8.5K 1.6K 149
                                    

ဆူဆူပူပူနှင့် ပျော်စရာအားကစားပွဲအပြီးနောက်တွင်တော့ အရာအားလုံးပုံမှန်ပြန်လည် လည်ပတ်လျက်။

ပိတ်ရက်ပြီးသွားသည့်နောက် ကျန်းကျောင့်ကျူးဟာလည်း ကျောင်းနောက်ကျသည့်ကျောင်းသားများကို ဂိတ်ပေါက်၀ကနေ အစဥ်အလာမပျက် စောင့်ဖမ်းတုန်း၊ ဝူကောကျုံသည်လည်း ခေါင်းလောင်းလိုအသံကြီးနှင့် စင်မြင့်ကနေ ကျောင်းသားတွေကို စာချနေဆဲ၊ သူ့ရှေ့က ကျောင်းသားတွေဟာလည်း ထုံးတမ်းမပျက်အိမ်စာများကြောင်း အော်ဟစ်ငြီးငြူဆဲပင်။ 

‘’နှစ်ဝက်စာမေးပွဲ နီးနေတာတောင် မင်းတို့အားလုံးကပျင်းနေတုန်းပဲလေ အဲ့တော့ ငါကပဲအိမ်စာအများကြီးပေးရ‌တာပေါ့”
အတန်းချိန်ပြီးနောက် ဝူကောကျုံက လက်ထဲက ဖတ်စာအုပ်ကိုဖျစ်ညှစ်ဆုပ်ကိုင်ရင်း စင်မြင့်ပေါ်ကနေသူတို့ကိုဆူငေါက်တော့သည်။
‘’ကျန်းခဲ့ မင်းကိုယ်မင်းလည်းကြည့်စမ်းပါ၊ ဒီနှစ်မှာ မင်းအလွတ်ရတာဘာရှိလို့လဲ? ရန်းရီလဲ့ကိုကြည့်လိုက်စမ်း သူဆို ငါမသင်ရသေးတာတွေတောင် ကျက်ပြီးသွားပြီ၊ မင်းနောက်စာမေးပွဲကျရင်တော့ အဆင့်ကောင်းကောင်းရမယ်မထင်ဘူးနော်”

ကျန်းခဲ့မှာတော့ နားကိုလည်းပိတ်မထားရဲသည်မို့ ငါးမိနစ်လုံးလုံး သူ့နားစည်ကိုတိုက်ခိုက်မှုအား တောင့်တောင့်ကြီးသည်းခံနေရတော့သည်။ စာသင်ခန်းထဲက လောင်ဝူထွက်သွားခါမှ သူ့တစ်ကိုယ်လုံးတုန်ခါလာတော့သည်။
‘’အတန်းမော်နီတာ မင်းငါ့နာမည်ခေါ်လိုက်သေးလား အတန်းမော်နီတာရေ? ဘာကိစ္စ ငါ့နားထဲအသံတွေမြည်နေရသေးတာလဲ? ငါနားများကန်းတော့မှာလားမသိဘူး”

ချန်ရင်းရင်းကတော့ စိတ်ပျက်စွာ လက်ခါပြလျက် :
‘’သွားစမ်းပါ၊ ဒီအပတ်ကျောင်းပိတ်ရက် ဘယ်သွားရမလဲလို့ ရန်းရီလဲ့နဲ့တိုင်ပင်နေတာ ငါတို့ကိုလာမရှုပ်နဲ့”

ကျန်းခဲ့ : ‘’ဟင်? စာမေးပွဲကဖြင့် နောက်အပတ်ကို မင်းတို့နှစ်ယောက်က တစ်နေရာသွားပျော်ပါးဖို့ကြံနေသေးတယ်ပေါ့လေ? ငါလောင်ဝူ့ကိုသွားတိုင်မယ် မတရားဘူး ဘာကိစ္စငါတစ်ယောက်တည်း သြဝါဒပေးခံရတာလဲ?”

Pay Attention To Me [Myanmar Translation]Where stories live. Discover now