Part 3

5.2K 195 9
                                    

Uni

ဟေမာန်ဆောင်းဥတုဖြစ်တဲ့အတွက် နေ့လည်ခင်းအပူချိန်ဟာ သိပ်ကိုခံယူလို့ ကောင်းပါသည်။
နေခြည်နွေးနွေးက ကောင်းကင်မှ လှပစွာ ဖြာကျနေပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲတွင်တော့ လူပေါင်းများစွာဟာ သူတို့၏ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို စောင့်မျှော်နေကြပါသည်။
ထိုထဲတွင် ကျွန်မတို့ ညီအစ်မလည်း အပါအဝင်ပေါ့။

ထိုနေ့အား စောင့်မျှော်နေခဲ့သည်မှာ သိပ်ကို ကြာခဲ့ပါပြီ။
ဘယ်လောက်ပင် ဓာတ်ပုံများပို့ပေးပေး
Video call ဘယ်လောက်ပဲခေါ်ခေါ် ကိုယ့်ညီမလေးအား အပြင်မှာ မတွေ့ရမချင်းတော့ အလွမ်းမပြေနိုင်ပါ။

တကယ်တော့ ညီမလေးနှင့် video call ပြောရသည်မှာလည်း သိပ်ကိုနည်းလှပါသည်။
အမြင့်ဆုံးရောက်အောင် တက်လှမ်းနေသော ကြိုးစားနေသော ထို မိန်းကလေးအတွက် အချိန်တော်တော်များများအား အလုပ်ထဲမှာပဲ မြုပ်နှံထားသော ထို မိန်းကလေးအတွက်
သူမ၏ ကိုယ်ပိုင်အချိန်မှာ အရမ်းကိုနည်းလှပါသည်။

သူမ၏ ရှားပါးလှစွာသော အချိန်တွေထဲကလည်း ထပ်ဖဲ့ မယူချင်တော့ပါ။
ထိုကြောင့် ကိုယ်ဘက်က ဆက်သွယ်သည်မှာ ရှားလှပါသည်။
ညီမလေး ဆက်သွယ်မှာသာ စကားပြောဖြစ်သည်က များသည်။

ညီမလေးအား မတွေ့ရသည်မှာ ၅ နှစ်ရှိပြီ။
လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်ကတော့ သူမဘွဲ့ယူမည့် အခမ်းအနားသို့ လာရန် ခေါ်ခဲ့သည်။
သိုပေမယ့် ကိုယ်တွေက မလည်မဝယ်သည်က တစ်ကြောင်း
တစ်ခြားနိုင်ငံရပ်ခြားသို့ မသွားချင်သည်က တစ်ကြောင်းနှင့် အကြောင်းအမျိုးမျိုးပြ ငြင်းပယ်ခဲ့လေသည်။

ညီမလေး ဘွဲ့ယူသည့် ဓာတ်ပုံများအား ပို့လိုက်သော အခါတွင်မှ အလွမ်းပြေ ကြည့်ရတော့သည်။
ညီမလေးက ဘွဲ့ဓာတ်ပုံတွေထဲမှာ သိပ်ကိုလှလွန်းပါသည်။
ထိုပုံတွေအား တွေ့သောအခါတွင်လည်း မသွားရခဲ့သည်ကို နောင်တရမိပြန်သည်။

အတွေးတွေပြန့်လွှင့်နေတုန်း လေယာဥ်ဆိုက်တော့မည်ဟု အသံကြားမှပဲ ပစ္စုပ္ပန်ဆီသို့ ပြန်လည် ရောက်ရှိလာလေသည်။

You had me at helloWhere stories live. Discover now