1.1

2.6K 163 2
                                    

ရှောင်းပြောတော့နည်းနည်းဆို
သေလောက်အောင်နာတယ်
hostကလည်း အနာသက်သာတဲ့ဆေးပေးမယ်လေ
အဲ့လိုဟာရှိတာလား စောစောကပြောလေ
မြန်မြန်

အော်host ကျတော်hostကိုဇာတ်ကြောင်းပို့ပေးရအုံးမယ်

ဟမ်ဇာတ်ကြောင်း အဲ့ဒါက

hostအခုရောက်နေတဲ့ကမ္ဘာရဲ့အကြောင်း
hostဝင်နေတဲ့ဇာတ်ကောင်ရဲ့အကြောင်း
သူရဲ့ဆန္ဒအဲ့ဒါတေပါhost

အော်အင်းအင်းပို့ပေးလေ

နည်းနည်းနာမယ်host
ပို့လိုက်ပါပီ

ဒီကမ္ဘာကသာမန် ကမ္ဘာမျိုးပါပဲ
ဇာတ်လိုက်နာမည်က ကျန်းရိလုံ
သူက ဖျော်ဖြေရေးentertainment
တစ်ခုရဲ့ CEO
သူ့ရဲ့အမေဖြစ်သူက သူငယ်ငယ်ကတည်းကသေသွားတဲ့အတွက်
အဖေဖစ်သူဟာနောက်အိမ်ထောင်ပြုခဲ့တယ်
အဲ့တာကြောင့်သူဟာ သူ့ရဲ့အဖေကိုမုန်းတီးပြီးတော့သူ့ရဲ့မိထွေးဖြစ်သူကိုလည်း
မုန်းတီးနေခဲ့တယ်
တကယ်တော့သူ့ရဲ့မိထွေးက သူထင်သလိုမဟုတ်ပဲ သူ့အပေါ်မှာဂရုစိုက်ရှာတယ်
သူ့အသက်ဆယ့်နှစ်နှစ်အရွယ်မှာပဲ သူ့ဖခင်ကိုအရွဲ့တိုက်ပီး သူ့ဦးလေးဖြစ်သူအိမ်မှာနေထိုင်ခဲ့တယ်
အဲ့ဒီကနေအသက်ဆယ့်ခြောက်နှစ်မှာသူ့သူငယ်ချင်းတေနဲ့အတူ ကုမ္ပဏီတစ်ခုကိုစတည်ထောင်ခဲ့တယ်

ဟမ့်မဖြစ်နိုင်တာကြီးနော်ရှောင်း ဘယ်လိုပဲတော်တယ်ပြောပြောလေ နော်

ဆက်ဖတ်ပါhost

သူ့ရဲ့ကြိုးစားမူကြောင့်တစ်နှစ်အကြာမှာပဲ
ကုမ္ပဏီဟာနေရာရလာခဲ့တယ်
အင်းလာပီ လာပီ
ဇာတ်လိုက်မ စူးရိဟွား
သူမကလည်း အနုပညာကိုစိတ်ဝင်စားတဲ့မိန်းမလှလေး သူမဟာသရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့သူတစ်ယောက်
မင်းသမီးလေးနဲ့CEOလေးတို့ပေါ့
သူမရဲ့ကြိုစားအားထုတ်မူတေကိုတွေ့ပီးCEOလေးကအရမ်းတေသဘောကျသွားတာကြောင့်ပိုးပန်းတော့တာပေါ့
ဇာတ်လိုက်မကလဲ ဘယ်အချိန်ထဲကအဖြေပြန်ပေးချင်နေလဲမသိ သူတို့နှစ်ယောက်ချစ်သူတေဖြစ်သွားတာပေါ့နော်(မြန်တာအေ)
အဲ့ဒီမှာထုံးစံအတိုင်းဗီလိန်တေဗီလိန်မလေးတေပါလာတာပေါ့
ဗီလိန်မလေးနာမည်က ပိုင်ယွဲ့
သူမလေးက အလယ်အလတ်တန်းစားမိသားစုကမိန်းမပျိုလေး
သူမလည်းသရုပ်ဆောင်တစ်ယောက်
ကျန်းရိလုံ ရဲ့ကုမ္ပဏီမှာအလုပ်လုပ်ရင်း
ဇာတ်လိုက်ရဲ့အရှိန်အဝါတေကြောင့်သဘောကျမိပီး အမြှောက်စာဖြစ်ခဲ့ရတဲ့
ဗီလိန်မလေး
ပြောရမယ်ဆိုရင်တော့ ဇာတ်လိုက်မရဲ့လက်ချက်ပေါ့
နောက်ထပ်ဇာတ်ကောင်ကတော့
ကျန်းရိလုံ မိထွေးရဲ့သား
ချန်းအန်းလု
သူကလည်းချောမောခန့်ညားတဲ့
ယောကျာ်း တစ်ယောက်သူ့မှာလည်း
ကျန်းရိလုံထက်မသာရင်နေမယ်
အမှီလိုက်နိုင်တဲ့အရှိန်အဝါတေရှိတယ်
ကျန်းရိလုံ ကလည်း သူ့မိထွေးအပေါ်မှာရှိတဲ့အမုန်းတေကို ချန်းအန်းလုအပေါ်မှာအမြဲပုံချတယ်
အန်းလုကလည်း အမြဲတမ်းအလျှော့ပေးခဲ့တယ်သူ့မိခင်ကြောင့်ပေါ့
သူဟာလည်း သူရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ရပ်တည်ခဲ့သူတစ်ယောက်
ရိလုံရဲ့သူ့အပေါ်အနိုင်ကျင့်စော်ကားမူအောက်မှာ သူ့ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့တယ်
ကျန်းသခင်ကြီးရဲ့အကူအညီပါခဲ့လားဆိုရင်တော့NOလို့ဖြေရမယ် မယူတာဆိုပိုမှန်မယ်
သူ့ရဲ့တောင်းဆိုချက်ကသူ့မိခင်ကိုကာကွယ်ပေးဖို့
ဒါပေမဲ့ သူ့မိခင်ကိုထိပါးလာတဲ့အခါမှာတော့
သူ့ရဲ့သည်းခံနိုင်စွမ်းကုန်သွားပီး ကျန်းသခင်ကြီးနဲ့သူ့မိခင်ကိုကွာရှင်းခိုင်းကာ အိမ်တော်မှထွက်ခွာသွားခဲ့တယ်
ဘယ်လောက်ပဲ ကျန်းရိလုံနဲ့ ကင်းအောင်နေနေ ဇာတ်လိုက်နဲ့ဗီလိန်ဆိုတာ နှစ်ယောက်ထဲကတစ်ယောက်သေမှ ကင်းနိုင်တာမျိုးဆိုတော့
ထုံးစံအတိုင်းပဲ
ဇာတ်လိုက်မရဲ့ဆွဲဆောင်မူအောက်မှာ
ဗီလိန်ဇာတ်ကောင်လေးဟာကျဆုံးသွားပီး
ဇာတ်လိုက်နဲ့ထိပ်တိုက်တွေ့တော့တယ်
ဇာတ်လိုက်မရဲ့ရွေးချယ်မူကတော့ဇာတ်လိုက်ပဲပေါ့
အဲ့ဒီအချိန်မှာ ပိုင်ယွဲ့က လည်းဇာတ်လိုက်မ
ကိုခြောက်လန့်ဖို့ကြံစည်ခဲ့တယ်
ဒါပေမဲ့တကယ်တမ်းဖြစ်သွားတာက
ဇာတ်လိုက်မဟာပြန်ပေးစွဲခံခဲ့ရပီး
မသေရုံတမယ်ဖြစ်သွားခဲ့တယ်
သူမမလုပ်ခဲ့ပေမယ့် အားလုံးကတော့သူမလက်ချက်ဆိုတာအတည်ပြုပေးခဲ့ကြတယ်
အနုပညာလောကမှလည်းလူတကာရဲ့
လက်ညိုးထိုးပြောဆိုမူတေကြောင့်
စိတ်ကျရောဂါခံစားခဲ့ရပီး
ရဲတေရဲ့အတည်ပြုချက်အရ ပိုင်ယွဲ့ဟာ
ဒီအမူမှာ တရားခံဖြစ်သူကသူမဖြစ်ကြောင်း
ပေါ်ထွက်လာခဲ့တယ်
သူမဟာသူမမလုပ်တဲ့ကိစ္စအတွက်
ထောင်ကျခဲ့ရတဲ့အပြင် ဇာတ်လိုက်နဲ့ဗီလိန်ရဲ့လက်ချက်ကြောင့်ထောင်ထဲမှာ လူမဆန်စွာနှိပ်စက်ခံရရင်းနောက်ဆုံးသေဆုံးသွားခဲ့တယ်
သူမသေဆုံးပီးနောက် အချစ်မောင်နှံအတွက်
အကြီးမားဆုံး ရန်သူကြီး အန်းလုပဲကျန်တော့တယ်
အန်းလုကိုချေမှုန်းဖို့အတွက်လည်း
ဇာတ်လိုက်မ ကသူမကိုယ်တိုင်လုပ်ဆောင်ခဲ့တယ်
အန်းလုအနားမှာနေပီး ဇာတ်လိုက်ကိုကူညီခဲ့တယ် အန်းလုဟာလည်းအဲ့ဒီအကြောင်းတွေကိုသိခဲ့ပေမယ့်
ဇာတ်လိုက်မလုပ်သမျှကို သူ့အသက်မသေ
သရွေ့မသိချင်ယောင်ဆောင်ခဲ့တယ်
နောက်ဆုံးမှာတော့ သူသိပ်ချစ်ရတဲ့မိန်းကလေးရဲ့လက်ချက်ကြောင့်သေခဲ့ရရှာတယ်
ဇာတ်လိုက်နဲ့ဇာတ်လိုက်မကတော့ထုံးစံအတိုင်း happy ending ပေါ့

villain systemWhere stories live. Discover now