Chapter - 23

7.7K 1.5K 132
                                    

အဆုံးတွင်တော့ ကျန့်ယောင်လည်း escape roomထဲကိုပြန်မ၀င်သွားဝောာ့ပေ၊ သူက သူ့ဆွဲဆောင်မှုသူ အတော်လေးစိတ်ချယုံကြည်လျက်ရှိသည်။ 

escape roomမှာ တကယ့်ကို သည်းထိတ်ရင်ဖိုဖြစ်ရပါတယ်။ ပြန်ထွက်လာချိန်မှာတော့ ရန်းရီလဲ့နှင့် လင်းယွမ်မှာ လက်ချင်းတွဲထားကြပြီး alphaနှစ်‌ယောက်နှင့် betaမှာတော့ ချန်းရင်းရင်းနောက်မှာ ပုန်းကွယ်နေရင်း တုန်လှုပ်နေကြလေသည်။

ပိုင်ယွိဝေတစ်ယောက်ကသာ တစ်ကိုယ်တည်းထွက်လာ၍ အပြုံးလေးနှင့် ပြောသည်။
‘’တကယ်ကို ပျော်စရာကောင်းတယ်”

အပူပန်ကင်းတိုတောင်းလှတဲ့ ပိတ်ရက်လေးမှာ အလျင်အမြန်ပဲ ကုန်ဆုံးသွားပြီး ရက်စက်လှသည့်စာမေးပွဲသီတင်းပတ်မှာ နီးကပ်လို့လာပေသည်။

နှစ်ဝက်စာမေးပွဲမတိုင်မီတစ်ရက်အလိုတွင် ဝူကောကျုံက အတန်း notice boardမှာ ခုံနေရာဇယားလာကပ်သွားပြီး သူတို့ကိုလည်း သက်ဆိုင်ရာအခန်းနဲ့ခုံနံပါတ်တွေသွားကြည့်ထားကြဖို့ သတိပေးသွားလေသည်။

Class 1မှကျောင်းသားတွေဟာ ချက်ချင်းစုပြုံလာကြတော့သည်။ သူတို့ကိုယ်ပိုင်သတ်မှတ်အခန်းတွေကြည့်တာအပြင် ဘေးနားကထိုင်ရမယ့်သူတွေက ဘယ်သူဆိုတာရယ်၊ အရှေ့ဆုံးတန်းမှာ ကျတာလားဆိုတာရယ်သူတို့ အပူတကြီးသိချင်ကြတယ်။ သူတို့မှာ ခိုးချဖို့အတွေးလုံး၀မရှိဘူးဆိုသော်ငြားလည်း ရှေ့ဆုံးတန်းမှာနေပြီး ဆရာရဲ့တစ်ချိန်လုံးစောင့်ကြည့်ခံရတာမျိုး‌တော့ မည်သူကမှမလိုချင်ကြပေ။

‘’ငါတော့ သွားပြီ! ချီးမို့ အရှေ့ဆုံးတန်းပြတင်းပေါက်ဘေးကနေရာလား!’’
ကျန်းခဲ့မှာတော့ ထိုကံဆိုးသူများထဲမှတစ်ယောက်ဖြစ်‌နေလေသည်။

စာမေးပွဲအခန်းတွင်း ထိုင်ခုံနေရာအစီအစဥ်မှာ အရင်နှစ်နောက်ဆုံးစာမေးပွဲမှ ရလဒ်တွေအပေါ်မူတည်ပြီး စီထားခြင်းဖြစ်သည်။ ကျန့်ယောင်ကား ယခုနှစ်မှကျောင်းပြောင်းလာသူဖြစ်၍ ရမှတ်လည်းမရှိသည်ကြောင့် နောက်ဆုံးစာမေးပွဲခန်းရဲ့နောက်ဆုံးနေရာကိုရလေသည်။ ထိုအရာက သူ့ကိုမအံ့သြစေပါ၊ သို့ပေသည့် သူမထင်မှတ်ထားသည့်အရာမှာ သူတို့ဒုတိယနှစ်တွေအားလုံးထဲတွင်မှ ဒုတိယအညံ့ဆုံးကျောင်းသားအဖြစ် သူ့ရှေ့က ထိုင်သည့်သူမှာ သူ့ထိုင်ခုံဖော်ဖြစ်နေလိမ့်မယ်လို့။

Pay Attention To Me [Myanmar Translation]Where stories live. Discover now