Ep-(8)

5.7K 480 63
                                    

[Unicode]. ...

ဘာလိုလိုနဲ့ဦးထွဋ်အိမ်ရောက်နေတာတစ်ပတ်ပြည့်တော့မယ်...ကြီးကြီးနဲ့မအေးတို့လင်မယားကပိုင့်ကိုအရမ်းချစ်ကြတယ်...
တစ်ခါတစ်လေဆိုပိုင်စားချင်တာတွေချက်ကျွေးပြီးပိုင်သိချင်တဲ့ဦးထွဋ်အကြောင်းတွေလဲပြောပြကြတယ်...။

ဦးထွဋ်ကတော့ရှင်းပို​င်ကိုမျက်စိအောက်ကနေအပျောက်မခံလောက်အောင်ထိကိုချစ်တာလေ...။ရှင်းပိုင်ကိုအသဲယားလို့နမ်းတာကလွဲရင်တော်တော်လေးစည်းစောင့်တဲ့လူကြီးပေါ့...။ဒီရက်တွေမှာရှင်းပိုင်ကိုပိန်လို့ဆိုပြီးသူကိုယ်တိုင်မီးဖိုချောင်ဝင်ကာစီမံချက်ပြုတ်လေရဲ့...။ပိုင်လည်းဦးထွဋ်ကျေးဇူးကြောင့်အကျင့်တွေပျက်ချင်နေပြီ..

တကယ်တမ်းပြောရရင်ရှင်းပိုင်အရမ်းပျော်သည်...။ရှင်းပိုင်အတွက်ကောင်းတဲ့ဆုလာဘ်တစ်ခုကိုဘုရားကပေးသနားလိုက်သလိုဘဲ...ဦးထွဋ်ကောပိုင်ကောမိဘမေတ္တာမရရှိခဲ့ပုံခြင်းတူပေမဲ့...ပိုင်ကမှအဖွားဆီကမေတ္တာတွေရရှိခဲ့သေးသည်...။ဦးထွဋ်ကတော့တစ်သီးတစ်သန့်နေတတ်တာကြောင့်ကြီးကြီးကဘဲပြုစုပေးခဲ့ရတာမို့...အထီးကျန်ဆန်လွန်းကာမေတ္တာငတ်ခဲ့ရသည်...။.

"ကလေး..."

"ကလေးလို့.."

ဟိုတွေးဒီတွေးနဲ့ဘေးနားကိုဦးထွဋ်ရောက်လာပြီးခေါ်နေတာတောင်မသိလိုက်ဘူး...။နောက်တစ်ကြိမ်ပြန်ခေါ်မှသာအသိကပ်လာခဲ့လေတော့...

"ဗျာ...ဦးထွဋ်"

"ကလေးဘယ်ကောင့်အကြောင်းတွေးနေတာလဲကွာ...ကိုယ့်ခေါ်နေတာတောင်မကြားဘူး...ကိုယ့်ကိုမချစ်တော့ဘူးလားဟင်.."

"မဟုတ်တာဗျာ...ကလေးတွေးနေတာက....
ဟော့ဒီက ကလေးရဲ့အချစ်ဆုံးကြီးအကြောင်းတွေးနေတာပါခမျ.."

"ဟာ...မရဘူး..အဲ့ကောင်အကြောင်းလဲမတွေးနဲ့ကွာ...ဘေးနားမှာရှိတဲ့ကိုယ့်ကိုပလစ်ပြီး...ကလေးရဲ့အတွေးတွေထဲထိရှိတဲ့သူကိုမကျေနပ်ဘူး.."

ပိုင်လဲဦးထွဋ်ရဲ့စကားကြောင့်ပြုံးလိုက်မိတယ်...။အတွေးထဲမှာရှိနေတဲ့သူ့ကိုယ်သူတောင်အူတိုနေတာ...တကယ့်ကိုရှင်းပိုင်နဲ့ပတ်သက်လာရင်အဆိုးလေးပါ...။

l Found Right Person(Complete)Where stories live. Discover now