Cha-24

8.4K 1.7K 139
                                    

[Unicode]

ထိုတဒင်္ဂလေးတွင် ယွီချင့်ဟွမ်စိတ်ထဲ အလုံးစုံဗလာကျင်းသွားခဲ့သလိုပင်။

အပြင်လောကမှ လူသံ ကားအင်ဂျင်စက်သံအကုန်လုံးမှာ သူ့နားထဲပျောက်ရှသွားခဲ့ရ၏။

ဟော်ချွီ၏စကားသံ

“ငါ... ငါဝမ်းနည်းတာက မင်းလည်းတူညီတဲ့အရာတွေခံစားခဲ့ရတာ တွေးမိသွားလို့”

ဆိုတာသာ သူ့စိတ်အာရုံထဲ တဝဲလည်လည်ဖြစ်​​နေတော့သည်။

သူအမြဲလိုထင်မှတ်ထားသည်မှာ ဟော်ချွီ၏ စိတ်အာရုံခံစားမှုက ပျောက်ကွယ်နေတယ်လို့ပင်။ထို့ကြောင့်သာ သာမာန်လူတွေရဲ့စိတ်ခံစားချက်အတိုင်း သူလိုက်လံ​တွေး​တောမခံစားနိုင်ဘူးဆိုတာပေါ့။

သို့သော် ယခုအခိုက်အတန့်လေးမှာပဲ ယွီချင့်ဟွမ်နားလည်သ​ဘော​ပေါက်သွားသည်မှာ ဟော်ချွီမှာ သူ့စိတ်ထဲအရာအားလုံးကို ခံစားသိရှိနေတယ်ဆိုတာပဲ။ သူ့မှာ ၎င်းကိုဖွင့်ဟဖော်ပြဖို့ အခွင့်အရေးမရှိခဲ့ခြင်းသာ။

ယွီချင့်ဟွမ်မှတ်မိရသလောက် တစုံတယောက်မှ သူ့အ​ပေါ်ယခုလိုဂရုစိုက်အလေးပေးခဲ့ခြင်းမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က နောက်ဆုံးအကြိမ်ပင်။

သူ့အရင်ဘဝက ​အေးဂျင့်မှာ သူနဲ့ အပြန်အလှန်အကျိုးစီးပွားဆန်သော ဆက်ဆံ​ရေးမျိုးသာရှိခဲ့ပြီး သူ၏ စီးပွားတန်ဖိုးကိုသာ ဂရုစိုက်၏။ သူငယ်ချင်းလို့ခေါ်ဆိုသည့် လူအများစုမှာလည်း သူ့ထံမှ တစုံတရာလိုအပ်ခဲ့သူများသာ ဖြစ်ကြသည်။

သူ၏ စိတ်ခံစားမှုခံစားချက်များအတွက်တော့ တစုံတယောက်ကမှ စိတ်ဝင်တစားအ​လေးထားမှုလုံးဝမရှိခဲ့ပေ။

ဟော်ချွီဆိုခဲ့သောအရာမှာ နွေးထွေးသောရေစီးကြောင်းလေးတခုကဲ့သို့ တရှိန်ထိုးစီးဆင်းလာပြီး ယွီချင့်ဟွမ်နှလုံးသားထဲရှိအေးခဲနေသည်များကို တစ်မုဟုတ်ချင်းအရည်ပျော်သွားစေခဲ့သည်။

သူ့နှလုံးသားမှာ ရေပူစမ်းလေးထဲ စိမ်နေရသလို အလွန်တရာသက်တောင့်သက်သာရှိနေ၏။

ယွီချင့်ဟွမ်မျက်လုံးများမှာနီရဲလာပြီး ဟော်ချွီ၏ ကျောပြင်ကိုအသာပုတ်လိုက်ကာ

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now