Chapter-2.1

3.2K 561 12
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


"မင်း ဘယ်သူလဲ"

လက်ရှိမှာကုရှီးယွီက တက္ကစီပေါ်မှာဖြစ်ပီး ပေါ်လာတဲ့စကားလုံး၄လုံးကို စိုက်ကြည့်နေတာပဲဖြစ်သည်။

သူ့ကိုအထက်က ချိတ်ပေးထားတဲ့ Systemက နောက်ဆုံးပေါ်အဆင့်မြှင့်ထားတဲ့လူသားနဲ့အနီးစပ်ဆုံးတူတဲ့ စမတ်ကျတဲ့ Systemဆိုတာသိပါတယ်။
ဒါပေမယ့် လူတွေလိုသူငယ်ချင်းမိတ်ဆွေဖွဲ့သလို နှုတ်ခွန်းဆက်ရမယ်လို့တော့ မသိတာအမှန်ပဲ။

ကုရှီးယွီက ပြန်မဖြေခင်ခဏလောက်ငြိမ်သက်သွားပီးမှ"ကျနော်က ဒီတခေါက်တာ၀န်ထမ်းဆောင်မယ့် ကုရှီးယွီပါ"

အဲ့နောက်မှာတော့ စက်ရုပ်လိုအသံတသံထွက်ပေါ်လာတယ်"တာ၀န်ဆိုတာက ဘာလဲ"
"?" ကုရှီးယွီဟာ Systemသူ့ကိုမျက်ခွက်လာပြောင်နေတယ်လို့ ခံစားနေရတယ်။
ဒါမယ့် Systemကအကြာကြီးတိတ်ဆိတ်နေတာကို သိလိုက်ရတယ်။

သူကစိတ်လေနေတဲ့အသံဖြင့်"ပစ်မှတ်က ကမ္ဘာကိုဖျက်ဆီးတာကိုတားရမယ်၊လိုအပ်ရင်သုတ်သင်ရမယ်"
အချိန်အကြာရီးစောင့်ပီးနောက်မှာတော့
Systemကပြန်ပြောလာတယ်

".....အဲ့တော့"

'အဲ့တော့' ဘာလားဟ???

အထက်ကချပေးတဲ့ Systemတွေက ဒီလိုပဲထက်မြက်ကြတာလား။
တာ၀န်အကြောင်းတို့ အမှတ်အကြောင်းတို့ကို နားလည်မလည် တာ၀န်ထမ်းဆောင်မယ့်သူကပြန်ရွတ်ပြရမှာလား။

Systemကဘာမှမပြောတာကို သိရတော့ကုရှီးယွီက "ပစ်မှတ်နဲ့ပတ်သက်ပီး 
အခြားအချက်အလက်တွေပေးဖို့ကျန်သေးလား"

ခဏကြာသော် "မရှိတော့ဘူး"

ဟမ့်!ဒါကတော့ မထင်မှတ်ထားတဲ့အဖြေပဲ။

ကမ္ဘာကူးပြောင်းတာက သူတို့အဖွဲ့ချုပ်ရဲ့လုပ်ပိုင်ခွင့်တခု တနည်းပြောရရင် ရွှေလက်ချောင်းကြီးပေါ့ကွာ။ကမ္ဘာတွေရဲ့နိယာမကိုဆန့်ကျင်တာကလွဲလို့ တာ၀န်တွေကမစ်ရှင်ထမ်းဆောင်သူတွေအတွက် သိပ်မခက်ခဲလှဘူး။

ကုရှီးယွီဟာ သူ့လက်ထဲကဖုန်းကိုကြည့်လိုက်တယ်။သူဒီကမ္ဘာကိုရောက်နေတာ အချိန်၁နာရီ ကျော်သွားပီဆိုတာ သိလိုက်ရတယ်။
အလိုအလျောက်အသိပေးစနစ်က သူ့ခေါင်းထဲမှာပေါ်လာတယ်။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now