Part 4

4.6K 175 2
                                    

Uni

alarm ပေးစရာမလိုပဲ အသားကျနေပြီဖြစ်သော မျက်လုံးအစုံဟာ မနက် ၅ နာရီမှာ အလိုလိုပွင့်လာခဲ့ပါတယ်။
အပျင်းကြောဆန့်၍ ထရပ်လိုက်ပါသည်။

ပြတင်းပေါက်အားဖွင့်လိုက်သည့်အခါ အေးမြသည့်လေထုက မျက်နှာလား လာရောက်တိုက်ခက်နေသည်။
ခြံထဲသို့ လှမ်းကြည့်လိုက်သည့်အခါ ​နှင်းငွေ့တို့ကြောင့် သဲကွဲစွာ မမြင်ရပါ။

ပုံမှန်လုပ်နေကျအတိုင်းပဲ အရင်ဆုံး မျက်နှာ အကြမ်းဖျင်း သစ်လိုက်ပါတယ်။
ပြီးနောက် ၁၅ မိနစ်လောက်တရားထိုင်လိုက်ပါသည်။
ထို့နောက် ရှုသွင်း ရှုထုတ် လေ့ကျင့်ခန်းတို့အား နာရီ ဝက်လောက်လုပ်ပေးလိုက်ပါသည်။

ဒီလောက်ဆိုရင် တစ်နေ့တာအတွက် စိတ်ကျန်းမာလန်းဆန်းနေဖို့ လုံလောက်ပြီ။
ဒါပြီးရင်တော့ ခန္ဓာလှပစေရန် လေ့ကျင့်ခန်း ၁၅ မိနစ်လောက် လုပ်ပေးလိုက်သည်။

မနက်ခင်း ၁ နာရီခန့် လေ့ကျင့်ခန်းလုပ်ခြင်းအမှု ပြီးစီးသွားပါပြီ။
ဒီနေ့ တစ်နေ့လုံးအတွက်တော့ စိတ်ရော ကိုယ်ရော ကျန်းမာ လှပနေတော့မည်။

၆ နာရီထိုးသော အခါ အိမ်အောက်ထပ်မှ ဖွင့်သော
ဓမ္မတေးသံများကို ကြားရသည်။
မမကြီး အိပ်ရာနိုးပြီ ဖြစ်မည်။

ရေးအေးနှင့် ရေနွေး စပ်၍ ချိုးပြီးနောက်တွင်တော့ ခန္ဓာကိုယ်က အားပြည့် သွားသလိုခံစားရသည်။
ထို့နောက်တွင်တော့ ရေများအား သုတ်၍ မှန်တင်ခုံတွင် ထိုင်လိုက်ပါသည်။

ခွန်း ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ကြည့်နေမိသည်။

ထူထဲလွန်းသည်ဟု မဆိုသာပေမယ့် သာမန်ထက် ထူထပ်သော ထိလုနီးပါး မျက်ခုံးတစ်စုံ ရှိသည်။
လှပသောမျက်ရစ်နှင့် ကော့ညွတ်သော မျက်ခုံးတစ်စုံ ဝန်းရံထားသည့် တိကျပြတ်သားပြီး ကြည်လင်သော မျက်ဝန်းတစ်စုံ ရှိသည်။
ဤမျက်ဝန်းတစ်စုံမှာ ခွန်းခန္ဓာကိုယ်တွင် ခွန်းအနှစ်သက်ဆုံးအရာ ဖြစ်သည်။

ဖြောင့်စင်းသောနှာတံနှင့် ပိရိ​သေသပ်သော နှုတ်ခမ်းတစ်စုံကိုလည်း ခွန်းပိုင်ဆိုင်ထားသေးသည်။
ရှင်းလင်းသော လည်တံအောက်ခြေမှာ ညှပ်ရိုးအတိနှင့် ဖြစ်သည်။
ဖြူဝင်းလွန်းသည့် အသားအရည်မျိုး မဟုတ်ပဲ အတန်သင့် စိုပြည်ဝင်းလတ်သော အသားအရည်ကိုသာ ခွန်းပိုင်ဆိုင်ထားသည်။

You had me at helloWhere stories live. Discover now