Arc 1.3 Unicode

6K 531 51
                                    

လုဝမ်ပိုင်အိမ်ပြန်လာတော့
ညရောက်နေပြီဖြစ်သဖြင့် တန်းပြီးအိပ်လိုက်သည်။

..........

Six- [ host ရေ...ထတော်မူပါ...သေများနေလားမသိဘူး ]

six တစ်ယောက် mission လုပ်ရမှာကိုမေ့ပြီး သေတော်မူနေသော သူ့ရဲ့ ချစ်လှစွာသော host ကို  အော်ငေါက်ပြီးနှိုးနေခြင်းဖြစ်သည်။

Host- " baby six ကလည်းကွာ... 5 မိနစ်လောက်ထပ်အိပ်လိုက်အုံးမယ်လေနော်... six ကသဘောကောင်းပါတယ်...နော် "

ဝမ်ပိုင် ပြောပြောဆိုဆိုနှင့် စောင်ခေါင်းမူးခြုံပြီး ပြန်အိပ်လိုက်သည်။

............

Six- [ host 5 မိနစ်ပြည့်နေပြီနော် ]

Host- "...."

six သူပြောတာကို ပြန်မထူးပဲအိပ်ပုတ်ကြီးနေသော hostကို စိတ်ပေါက်လာသ​​ဖြင့် lessonပေးရန် အကြံများ ထုတ်နေလေသည်။

Six- [ host ရေ... မိုးနတ်မင်းက ...host ရဲ့အမှတ်တွေကို ...အကုန်နှုတ်လိုက်ပြီတဲ့ ]

Host- " ဘယ်ကလေကခြေ...အုတ်ကြားမြက်ပေါက်...ဓါတ်တိုင်သေးပန်း...ပလတ်ဖောင်းခေါင်းအုံးတဲ့ကောင်က.... ငါ့ point တွေကိုနှုတ်တာလဲကွ...ဟန် "

လုဝမ်ပိုင် အိပ်နေတုံး six ရဲ့ အမှတ်တွေအကုန်နှုတ်လိုက်ပြီဆိုသော စကား​ကြောင့် အိပ်ယာပေါ်မှထခုန်မတတ်ဖြစ်သွားပြီး စတင်ဆဲတော့သည်။

Six- [ host ရဲ့...ဆဲတော်မူခန်းပြီးရင်...mission ထမ်းဆောင်ရန်
...ကြွတော်မူပါ ]

Host- " ငါ့ရဲ့ point တွေကော "

Six- [ host ကလေ...အရမ်းတုံးတာပဲ... အဲ့တာကြောင့် ...mission အောင်ပါ့မလားလို့ ...စိုးရိမ်မိတယ် ]

Host- " မင်း...ငါအောင်...အောင်...အမလေး...ကိုတုတ်ကြီးငါ့လင်!!! "

ဝမ်ပိုင် ပြောနေတုန်း မိုးချိန်းသံကြောင့် လန့်သွားရသည်။

ဂျိန်းးး ဂျိန်းးး

မိုးပေါ်မှာတော့ မိုးနတ်မင်းတစ်ယောက် သူ့ကိုပိုးဆိုးပတ်စက် အားရအောင် ဆဲနေသောကြောင့် လှမ်းသတိပေးတဲ့အနေနဲ့ မိုးခြိမ်းပြလိုက်သည်။

Host- " မိုးကြိုးကလည်း...မိုးမရွာပဲပစ်နေတယ်...ဝေ့..မိုးပေါ်ကလူတွေ...ရူးများသွားတာလား...ဟား ဟား...ဟား...အမယ်လေး...ရီရတာ...မျက်ရေတောင်...သေးဖြစ်တော့မယ် "

system one o six(106) S -1 ( Z &U )Where stories live. Discover now