Chapter - 124 ( 🚨🔞🚨 )

22.5K 2K 161
                                    

Unicode
~~~~~~~

နောက်ဆုံးတော့ စိုးရိမ်ပူပန်မှုတွေကိုဖြတ်ကျော်နိုင်ခဲ့ပြီ … ရှန်ဖန်းဂူပြန်ရောက်လာခြင်းက မင်းယွီအား ခွန်အားတွေအပြည့်အဝပေးသနားလိုက်သလိုပဲ … ရေမိုးချိုးသန့်စင်ပြီးသွားတော့ ဖန်ဂူကိုယ်မှာရှရာတစ်ချို့ရှိနေတာကို တွေ့လိုက်ရတာကြောင့် မင်းယွီက ဆေးပုံယူလာပြီး အရက်ပြန်နဲ့ဒါဏ်ရာကိုပိုးသတ်ပေးနေလိုက်တယ် …

" ဒီဒါဏ်ရာတွေက ဘယ်ကရလာတာလဲ "

" ဒါဏ်ရာက အရမ်းမနာပါဘူး "

ဖန်းဂူအတွက် ထိုဒါဏ်ရာလောက်က မပြောပလောက်ပေမဲ့ တခြားနာကျင်မှုကတော့ရှိနေတယ် … ထိုအရာကတော့ သူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီး မင်းယွီမမြင်နိုင်အောင်ဖုံးကွယ်ထားလေတယ် … ရုတ်တရပ် မင်းယွီကရပ်တန့်သွားပြီး ဖန်းဂူအားမော့ကြည့်ကာ မေးလိုက်တယ် …

" တိုက်ပွဲကဘယ်လိုဖြစ်သွားပြီလဲ … အရာရှိတွေအကုန်လုံးကို သတ်ပြစ်လိုက်တာလား "

" ကိုယ်ကိုရန်လာစတဲ့ဘယ်သူက အသက်ရှင်နေဦးမှာလဲ "

မင်းယွီမျက်ဝန်းလေးတွေမှာ စိုးရိမ်သွားတဲ့အရိပ်လေးဖျက်ပြေးသွားတာကြောင့် ဖန်းဂူက ပြန်ပြီးဆိုလိုက်တယ် …

" ကိုယ်ပြောတာက ကို့ကိုလာထိရဲတဲ့လူတွေကိုပြောတာ … အိမ်တော်မှာအရှေ့ကိုထွက်တိုက်တဲ့လူတွေက မြေခွေးရဲ့ဘက်တော်သားတွေ … ဒါကြောင့်မို့ သူတို့ကိုဟန်ပြတိုက်နေလို့မရတာနဲ့အကုန်သတ်ပြစ်ခဲ့တာ … အရာရှိပိုင်းတွေကတော့ မနိုင်မှန်းသိလို့ပြန်သွားကြတယ် … ဒါပေမဲ့ ရှုယွမ် … "

သူကစကားကိုရပ်ပြစ်လိုက်တယ် … တစ်စုံတစ်ရာကိုပြန်စဉ်းစားနေပုံပင် … မင်းယွီက ရှုယွမ်နာမည်ကြားတော့ ပိုပြီးသိချင်လာ၍ မေးလိုက်တယ် …

" အကိုရှုယွမ်ပါရောက်လာတာလား … သူရောခုဘယ်မှာလဲ "

" စိတ်မပူပါနဲ့ … သူဒီမှာရောက်နေပြီ … ခုဆိုအနားယူနေလောက်ပြီ "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now