#Unicode
ဘောလုံးပွဲတွေအပြီး ကျောင်းပြန်တက်တော့ ဘေဘီ့အခန်းရှေ့ မယောင်မလည်သွားကာ ဘေဘီ့ကိုရှာမိသည်။ ဘောလုံးပွဲမှာ ဘေဘီ့ကို ဒဏ်ရာရအောင် လုပ်လိုက်မိကတည်းက MPကချယ်တွေက ကိုယ့်ကို သိပ်မကြည်ကြတော့ပေ။
အခန်းရဲ့နောက်ဆုံး ပြတင်းပေါက်လေးဘေးမှာ ထိုင်နေတဲ့ ဘေဘီက မျက်မှန်လေးတပ်ထားလို့။ ဘေဘီမှ ဟုတ်ပါလေစဆိုပြီး မျက်လုံးကို ပွတ်ကြည့်ရသည်။ ဘေဘီမှ ဘေဘီပါ။ မျက်မှန်လေးနဲ့ သိပ်ကိုချစ်ဖို့ကောင်းလွန်းတဲ့ ဘေဘီပါ။
စာရေးနေရင်းက စစ်ပိုင်တို့ရှိတဲ့ဘက် ကော်ရစ်တာကို လှမ်းကြည့်လာတဲ့ ဘေဘီ့ကို စစ်ပိုင်လက်ပြလိုက်တော့ ပြန်လည် ပြုံးပြလေသည်။ အပြုံးလေးကလည်း ချစ်ဖို့ကောင်းနေပြန်ပါရောလား။
ဘေဘီ့ကို တွေ့ဖို့ရာ တစ်မနက်ကို ဆယ့်ခြောက်ခေါက်လောက် ဘေဘီတို့အခန်းရှေ့က ဖြတ်လျှောက်မိသည်။ အိမ်သာကို သေးပေါက်ချင်လည်းသွား မပေါက်ချင်လည်းသွားနဲ့ ချောင်းပေါက်မတတ် ရောက်ဖြစ်နေပါတော့သည်။
လူကြီးတစ်ယောက် အခန်းရှေ့က ဖြတ်လျှောက်သွားတာ ခုတစ်မနက်ထဲတင် အကြိမ်ရေ တော်တော်များနေပါပြီ။ ဒီလူကြီး ဆီးများအောင့်နေသလားပဲ။
နေ့ခင်းထမင်းစားတော့ ထူးခြားတို့က ဦးတီးကန်တင်းကို ခေါ်တာမို့ မမားကို ဖုန်းလှမ်းဆက်ရသည်။
"သားသား ပြော"
"မမား သား ထူးခြားတို့နဲ့ အနောက်ကန်တင်းမှာ ထမင်းစားမလို့။ မမားတို့ဆီ မလာတော့ဘူးနော်"
"အင်း သားသား"
သားသားက ခုနောက်ပိုင်း ခင်လေးတို့နဲ့ ထမင်းလာမစားချင်တော့ဘူး ထင်ပါရဲ့။
"ခင်လေး သားသားက ဘာလှမ်းပြောတာလဲ"
"သူငယ်ချင်းတွေနဲ့ ဦးတီးကန်တင်းမှာ လိုက်စားမလို့ မလာတော့ဘူးတဲ့"
"ကလေးတောင် ငါတို့နဲ့ အရင်လိုလာမစားတော့ဘူး"
"အင်း ငါ့အနားမှာနေပြီး ကလေးလေးလိုနေရတာကို မနေချင်တော့ဘူးထင်တယ်။ လူကြီးလေးဖြစ်လာပြီဆိုတော့ သူငယ်ချင်းတွေနဲ့ပဲ နေချင်တော့မှာပေါ့။ အရွယ်ရောက်လာပြီလေ အစ်မနားမှာ ကလေးလို တွယ်ကပ်ပြီး ဘယ်နေပါတော့မလဲ"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။