💔11💔

39.1K 3.5K 555
                                    

"မြှားပစ်လေ့ကျင်မလို့ဆို"

"စိတ်မပါတော့လို့....Jeonငယ်ပုံတူဆွဲမလို့ဆို
ကိုယ်တော့်ပုံဆွဲလေ...."

ပန်းချီကားချပ်ပေါ်တွင်ခဲသားတို့ချလက်စက
ကချေသည်လေး၏ပုံစံငယ်......
အိမ်ရှေ့စံသည်ဓားတလက်ကိုင်ကာဘယ်လိုရောက်
လာမှန်းမသိ.....။
Jeonသည်ပန်းချီကားကိုအိမ်ရှေ့စံမြင်၍မဖြစ်
တာကြောင့်ပုံစံမပျက်နေနေရသည်။

မြှားပစ်လေ့ကျင့်ရမယ်....ဓားသိုင်းတွေလေ့ကျင့်ရမယ်
စစ်ရေးစစ်ရာ နန်းရေးနန်းရာအားလုံးကို
ငါ့ရဲ့ခေါင်းထဲကိုအလစ်အလပ်မရှိထိုးကြိတ်
ထည့်နေရတယ်..။မျက်စိနောက်စရာ
အိမ်ရှေ့စံမင်းသမီးတွေ ကြင်ယာတော်တွေရဲ့
နန်းဆောင်ကြွဖို့ မြူစွယ်ဖြားယောင်းမှုတွေကို
လည်းကွေ့ပတ်ရှောင်ရတယ်....။

မအားဘူး...မိုးလင်းထဲကအားမနေဘူး....
ရာဇဝတ်သားတွေ အမှုအခင်းတွေကို မင်းကြီးအစား
အမိန့်ချရမယ်...အာရုံတွေသိပ်ထွေပြားတယ်...။

Jeonဟာ နန်းတော်ပန်းခြံထဲငြိမ်ငြိမ်လေး
ပန်းချီဆွဲနေတယ်ဆိုလို့ ချစ်လို့လွှတ်ထားတာ
ဆွဲနေတာ ဘာပုံလဲမေးမိတော့
နန်းတော်တခုလုံးရဲ့အရေးကိစ္စအားလုံးကို
ပစ်ချပြီး အိမ်ရှေ့စံအပြေးနှင်လာရပြီ...။

မနာလိုခြင်း သဝန်တိုခြင်းသည် ပြင်းပြင်းပြပြ
နောင်ဘဝတွေတိုင်း ငါ့လိုမျိုးမင်းမဖြစ်ပါစေနဲ့
လို့ ဖြစ်အောင်သက်သက်ကျိန်စာတိုက်ပြီး
ပန်းချီဆွဲတဲ့သူရှေ့ရောက်လာခဲ့သည်။

အပြစ်မလုပ်ထားသလို...ခပ်တည်တည်နှင့်
Jeonသည် သူ့ကိုမေးခွန်းတောင်ပြန်ထုတ်နေသေးသည်။

"ခုဆွဲပေးရမှာလား...ဘာမှလည်းမပြင်ဆင်ရသေးဘဲ..."

"ဘာတွေကိုပြင်ဆင်ရမှာလဲ....Jeon
ကိုယ်တော်က ပြီးပြည့်စုံပီးသားလေ...."

ပြုံးယဲ့ယဲ့နူတ်ခမ်းထူထူတွေ...။
ဒါဟာ အစစ်အမှန်တွေမဟုတ်.....
စိတ်ဒုက္ခပေးဖို့ပဲဖြစ်သည်။
အသံသည် ပျစ်ချွဲချွဲ....
"အကုန်သတ်ပစ်...."လို့ မာန်ပါပါပြောတတ်သော
အိမ်ရှေ့စံမဟုတ်တော့သလိုအပြောင်းအလဲမြန်သည်။

မောင်Where stories live. Discover now