အပိုင်း၁ (ပေါက်စီတစ်လုံးကြောင့် အသတ်ခံရခြင်း)

8.7K 673 6
                                    

[Zawgyi]
ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်)
မူရင်းခေါင်းစဉ် - Fields of Gold
မူရင်းရေးသားသူ - ကွေ့ဟွားချင်းယွီ
ဘာသာပြန်ဆိုသူ - The 8Black Hands

အပိုင်း၁ (ပေါက်စီတစ်လုံးကြောင့် အသတ်ခံရခြင်း)

လင်းရှောင်းဝမ်ရဲ့စိတ်တွေ လေးလံနှောက်ကျိနေသည်။ နှာခေါင်းထဲတွင်လည်း ပင်လယ်ဆားနံ့နဲ့ ငါးညှိနံ့လိုလိုအနံ့တွေရနေပြီး ရေလှိုင်းခတ်သံတိုးတိုးကိုပါ ကြားနေရသည် ။ မဖြစ်နိုင်ဘူး။
ဒါအိမ်မက်ပဲနေမှာပါ! ဟုတ်တယ် သူမ နေတဲ့နေရာက ကုန်းတွင်းပိုင်းက မြို့လေးတစ်မြို့မှာပါ။ သူ့ဘဝမှာ ပင်လယ်ဆိုလို့ တစ်ခါသာမြင်ဖူးသည်။ ဒါကလည်း ပင်လယ်ဘက်မှာရှိတဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ညီမလေးဆီအလည်သွားတုန်းကဖြစ်သည်။ ဒါဆို ဘာလို့အခု သူ့နားထဲမှာ ရေလှိုင်းသံတွေ ကြားနေရတာလဲ။

ရှောင်းဝမ်သူ့မျက်လုံးတွေကို ဖွင့်ဖို့ကြိုးစားကြည့်ပေမယ့် ဒီအမှောင်ထုထဲက ရုန်းမထွက်နိုင်ဖြစ်နေသည်။ သရဲအိမ်မက်, မက်နေသလိုမျိုး စိတ်ကသတိရှိပေမယ့် လူကမထနိုင်ဖြစ်နေသည်။

ဒုတိယအစ်မ ဒုတိယအစ်မ ဝါး.. ဒုတိယအစ်မ မသေရဘူးနော်! ရှီထုန် နောက်ဆိုဗိုက်ဆာတယ် မပြောတော့ပါဘူး ပေါက်စီလည်းမစားချင်တော့ပါဘူး ဒုတိယအစ်မ ထပါအုံး!!
လင်းရှောင်းဝမ် သူ့လက်မောင်းတွေကို အသည်းအသန်လှုပ်ခါနေတဲ့ ဘေးနားကတစ်စုံတစ်ယောက်ကို ခံစားလိုက်မိတယ်။

ဒုတိယအစ်မ? မဟုတ်သေးပါဘူး။  သူကသူ့မိသားစုထဲမှာ အကြီးဆုံးကလေးပါ ။ ရှောင်းဝမ်မိဘတွေသည် သူမအလယ်တန်းနှစ်ကတည်းက သေဆုံးသွားခဲ့သည်။  အစ်မကြီးတစ်ယောက်အနေနဲ့ ကျောင်းထွက်အလုပ်လုပ်ကာ မိမိအောက်အငယ်များကို ရှောင်းဝမ်ပဲ ရှာကျွေးခဲ့ရသည်။ သူမအသက်နှစ်ဆယ်ကျော်ကာလလုံး အစ်မကြီးဟုသာခေါ်ခံခဲ့ရတာပါ။ ခုမှရုတ်တရက်ကြီး ဒုတိယအစ်မလို့ခေါ်ခံနေရပါလား။ သူမှားခေါ်နေတာပဲဖြစ်မှာပါ။

"တော်တော်ရက်စက်တာပဲ။ ကလေးက စားဖို့ပေါက်စီလေးကောက်တာကို အဲ့မိန်းမက သူ့ကိုသတ်တော့မယ့် အတိုင်းကိုရိုက်နေတာ!
ရှောင်ချောင်းက နဂိုကမှချူချာတဲ့ကလေးပါဆို...ခုခေါင်းကို တိုက်မိပြီး အသက်ရောရှင်နိုင်ပါအုံးမလား..ကြည့်ပါဦးသွေးတွေများ! ကလေးမ အသက်ရောရှိပါအုံးမလား"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now