အပိုင်း၎ (သူမမှာ ကောင်းမွန်တဲ့ အဖေရှိတယ်)

3.8K 535 3
                                    

[Zawgyi]

အပိုင်း၎ (သူမမှာ ကောင်းမွန်တဲ့ အဖေရှိတယ်)

လျိုမုယွမ် တံခါးဆီကိုသွားလိုက်တယ်။ ဒါပေမဲ့ သူမရဲ့စကားတွေကြားတော့ ခဏရပ်လိုက်တယ်။
သူမက အားကိုရာမဲ့နေတဲ့သူမရဲ့ခံစားချက်တွေကို အပြုံးလေးနဲ့ ဖုံးကွယ်လိုက်ပြီး ပြောလိုက်တယ်

အဆင်ပြေပါတယ်ကွယ် သမီးက သွေးတွေ အများကြီးဆုံးရှုံးထားတာမို့ အာဟာရဓါတ်
ပြည့်ဝဖို့လိုတယ်လို့ သမားတော်ယိုကပြောတယ် မင်းအဖေက မင်းထိခိုက်တာသိတော့ စိတ်မကောင်းဖြစ်နေတာ အဲဒါကြောင့် ဒီမနက်စောစော ဦးလေးကျောက်နဲ့ အမဲလိုက်သွားဖို့ ပြောထားတယ် ။ သူတို့မကြာခင်ပြန်လာကြတော့မှာ ။ နေ့လည်ကျရင် ကြက်စွတ်ပြုတ်နဲ့ သမီးကြိုက်တဲ့ ကြက်ခြေထောက်စားလို့ရပြီ

တံခါးကကျွီခနဲမြည်ရင်း ပိတ်သွားပြီးတဲ့နောက် အခန်းက ထပ်ပြီးတိတ်ဆိတ်သွားတယ်။
ယွီရှောင်ချောင်းက ထထိုင်လိုက်ပြီး သူမခေါင်းက အနာကိုထိကြည့်လိုက်တယ်။
သူမမက်ခဲ့တဲ့ အိမ်မက်ကိုပြန်သတိရပြီး သူမလက်ကောက်ဝတ်မှာ ရောင်စုံကျောက်တုံးလေးချည်ထားတဲ့ လက်မောင်းကို ဆန့်ထုတ်လိုက်တယ် ။

သိပ်ပြီးထူးခြားပုံမပေါ်တဲ့ သက်တန့်ရောင်ကျောက်တုံးလေးကို ညင်သာစွာလှုပ်ကြည့်လိုက်တယ်။

ငါ ဝိညဉ်ကူးပြောင်းလာတာ သေချာပါတယ်။ ဒါဆို ဒီကျောက်တုံးကို ဘယ်ကယူလာမိပါလိမ့်။
ခုဏက ငါ အိမ်မက်မက်နေတာပဲဖြစ်မှာပါ။ ဒါက အမှိုက် သာသာပါပဲလေ ဘယ်လိုလုပ်ပြီး အံ့ဖွယ်ကျောက်တုံးဖြစ်မှာလဲ လို့ သူမကိုယ်သူမ တီးတိုးပြောလိုက်တယ်။

[မင်းကသာ အမှိုက်! မင်း တစ်မိသားစုလုံးကသာ အမှိုက်!]

ရုတ်တရက် ရောင်စုံကျောက်တုံးကနေ အလင်းတန်းလေးတစ်ခုထွက်လာပြီး ဒေါသထွက်နေတဲ့ ကလေးအသံလေးက ယွီရှောင်ချောင်းရဲ့ စိတ်ထဲကနေ ပေါ်ထွက်လာခဲ့တယ်။ သူမလန့်သွားပြီး သူမလက်ထဲက ကျောက်တုံးကိုတောင် လွင့်ပစ်မိမတက် ဖြစ်သွားတယ် ။

အလင်းတန်းလေးက တဖြည်းဖြည်းနဲ့ ကလေးလက်သီးဆုပ်အရွယ်ရှိတဲ့ ရွှေရောင်ဘောလုံးလေးအဖြစ်ပြောင်းသွားတယ်။ လေထဲမှာအေးအေးဆေးဆေး လွင့်မျောနေပြီး တောက်ပနေတဲ့အလုံးလေးပေါ်မှာ ကြီးမားတဲ့ မကျြလုံးဝိုငျးတဈစုံနဲ့ ပါးစပ်ပေါက်လေးတစ်ခုပေါ်လာတယ်။ အခု ဒီအရောင်ဖြာနေတဲ့ အလုံးလေးက
ချစ်ဖို့ကောင်းတဲ့မျက်နှာဖောင်းဖောင်းလေးနဲ့ ဒေါသတကြီး သူမကိုစိုက်ကြည့်နေတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now