Part 14

829 114 0
                                        

Unicode

‌ကြည်လင်နေတဲ့ကောင်းကင်ကြီးရဲ့အောက် မြက်ခင်းစိမ်းတို့ရဲ့အလယ်မှာ ဖျာခင်းပြီးကလေးနဲ့အတူဆော့နေတဲ့ကောင်လေးတစ်ယောက်။ဘာလိုလိုနဲ့သူလေးထိန်းတာ3လပင်ရှိပြီ မင်ယောင်းလေးလည်းနောက်10ရက်‌ဆိုရင်1နှစ်ပြည့်ပြီ။

ကျောင်းပိတ်ရက်ဖြစ်တာကြောင့် မနက်စာစားပြီးထဲက ဦးလေးကြီးအိမ်သို့သွားကာ ကလေးထိန်းနေလေသည်။လက်ကနာရီကိုကြည့်မိတော့ ရေချိုးချိန်ရောက်နေပြီပဲ။

"9နာရီထိုးနေပြီ ကလေးလေးရေချိုးချိန်ရောက်ပြီ"

ခြံထဲမှာထိုင်ကာကစားနေတဲ့ ကလေးကိုပွေ့ချီကာအိမ်ထဲသို့ဝင်လာခဲ့တော့သည်။ကလေးကိုရေချိုးပေးဖို့ ဦးလေးကြီးနဲ့ကလေးနေတဲ့အိပ်ခန်းထဲသို့ဝင်လာခဲ့လေသည်။အခန်းထဲရောက်တော့ ကုတင်ပေါ်မှာအိပ်နေတဲ့ဦးလေးကြီးက မနေ့ကညဂျူတီဆင်းရတာကြောင့် အခုမနက်မှအိပ်ရခြင်းဖြစ်သည်။

ဂျီမင်းလည်းကလေးကိုခဏထိုင်ခိုင်းထားပြီး ဘီဒိုထဲကနေ ကလေးရေချိုးပြီးရင် ဝတ်ရန်အကျီထုတ်နေလေသည်။ရုတ်တရက်ထအော်တဲ့ဦးလေးကြီးကြောင့် သူလှည့်ကြည့်မိတော့ အိပ်မက်ဆိုးမက်နေပုံရသည်။မျက်လုံးတို့ကိုမှိတ်ထားပြီး တစ်ခုခုကိုအော်ပြောနေသည်။
"မထားခဲ့ပါနဲ့..မထားခဲ့ပါနဲ့ကွာ"

"ဦးလေးကြီး!! ဦးလေးကြီး!!အိပ်မက်ဆိုးတွေမက်နေတာလား"

ဦးလေးကြီးဆီအမြန်သွားလိုက်ပြီး လှုပ်နှိုးလိုက်တော့ မျက်လုံးတို့ဖွင့်လာလေသည်။သူ့ကိုမြင်တော့ရုတ်တရက် လှမ်းဖက်လိုက်တဲ့ဦးလေးကြီးကြောင့် လူကကုတင်ပေါ်က
ဦးလေးကြီးရင်ခွင်ထဲသို့ပြုတ်ကျသွားလေသည် အခုကဘာအခြေအနေကြီးလဲ..!?

"ကိုယ့်ဆီကိုပြန်လာတာမလား ကိုယ့်ကိုထပ်ပြီးထားမသွားပါနဲ့နော်"

"ဦးလေးကြီးအိပ်မက်ဆိုး‌ေတွမက်နေတာ ကျွန်တော့်ကိုလွှတ်ပါဦး အသက်ရှုကြပ်နေပြီ"

ဂျီမင်းအသံကိုကြားမှ သူ့အသိစိတ်တို့ပြန်ဝင်လာသည်။သူအရင်ဘဝက ကြင်ယာတော်သေဆုံးတာကို အိပ်မက်အဖြစ်‌မက်နေတာပဲ မျက်လုံးတို့ဖွင့်လိုက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့ ဂျီမင်းမျက်နှာလေးကြောင့် သူကိုယ်တိုင်ပင် သတိမထားမိပဲ ရင်ခွင်ထဲကိုဆွဲသွင်းကာဖက်လိုက်မိသည်။

From Hatred (Completed)Where stories live. Discover now