Chapter(24-1) - အမှန်တရား

6.8K 1.3K 42
                                    

Unicode

အခန်း(၂၄-၁) - အမှန်တရား 

နှိုးဆွမှုတစ်ခုကကွင်းဆက်တစ်ခု လိုမျိုးလူအုပ်ဆီဖြတ်သန်းသွားကာ လေထုတစ်ခုလုံးကိုဖြတ်တောက် ထုတ်လို့ရလောက်သည်အထိ တောင့်တင်းသွားစေသည်။

တိတ်ဆိတ်မှုကြီးပြီးနောက်မှာ အိုးထဲကိုဆီတစ်စက်စင်သွား သလိုမျိုးအသံတစ်ခုပေါ်လာပြီး မရေမတွက်နိုင်တဲ့မျက်လုံးများက ထက်ရှတဲ့ဓားတစ်ချောင်းလို ဖောက်ထွင်းဝင်လာသည်။

ရန်ကျင်းကထရပ်တော့မလို ကိုယ်ကိုရွှေ့လိုက်သည်။ရေခဲမြစ် တစ်ခုလိုမျိုးဘာကိုမှဂရုမစိုက်တဲ့ အေးစိမ့်မှုတစ်ခုကသူ့ဆီကနေ စိမ့်ထွက်လာ၏။သူနဲ့နီးနီးကပ်ကပ် ရပ်နေတဲ့ရှန်ကျစ်ရှန်းသည်ထို တစ်ဖက်စွမ်းအင်ကနေပုံမှန် မဟုတ်သည့်ထူးခြားမှုနဲ့ ထင်ရှားသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

မှောင်မိုက်ပြီးရက်စက်ကြမ်းကြုတ်တယ်

ချက်ချင်းပင်အဲ့ဒီအချိန်တုန်းက ရန်ကျင်းရဲ့ဓားကွက်များနှင့်ဒီလိုပဲ ရက်စက်ကြမ်းကြုတ်မှုတွေ, ဂရုမစိုက်မှုတွေသယ်ဆောင်ထားတဲ့ သူ့မျက်လုံးတွေကိုပြန်အမှတ်ရသွားသည်။

ရှန်ကျစ်ရှန်းကနောက်ကိုလှည့် မကြည့်ပေ။အဲ့ဒီအစားသူ့နောက်က ရန်ကျင်းရဲ့လက်ကိုတိတိကျကျ ဆုပ်ကိုင်လိုက်ပြီးနူးညံ့ညင်သာတဲ့ ချီစွမ်းအင်များအားသူ့ကိုယ်ထဲသို့ ထည့်ပေးလိုက်သည်။

ရန်ကျင်းကသတိလက်လွတ်ဖြင့် ခုခံတွန်းလှန်လိုသော်လည်း ရှန်ကျစ်ရှန်းကသူ့လက်ကောက် ဝတ်ကိုမြဲမြံစွာဆုပ်ကိုင်ထားတာ ကြောင့်ရုန်းမရဖြစ်နေ၏။

ရှန်ကျစ်ရှန်းရဲ့မျက်နှာပေါ်မှာ ဘာအမူအယာမှမရှိသော်လည်း သူ့နှလုံးသားထဲမှာတော့ မုန်တိုင်းထန်နေလေပြီ။

ရန်ကျင်းရဲ့သွေးကြောထဲမှာ နတ်ဆိုးချီစွမ်းအင်တစ်မျှင်က ထောင်လွှားစွာနဲ့ပြေးလွှားနေပြီး သူ့ရဲ့မူလသန့်စင်တဲ့ဝိညာဉ်ချီအား နက်မှောင်ပြီးမှောင်မိုက်နေစေသည်။

သိသာတာကတော့အဲ့ဒီနတ်ဆိုးချီက ရန်ကျင်းရဲ့ကိုယ်ထဲမှာအချိန် ကြာမြင့်စွာနဲ့အမြစ်တွယ်နေခဲ့ပြီ။ အဲ့ဒါကအရမ်းကိုရိုင်းရိုင်းစိုင်းစိုင်း ကြီးထွားနေသည်မှာအကယ်၍ ရန်ကျင်းမှာနတ်ဆိုးလမ်းကြောင်း ကိုဝင်ဖို့ရည်ရွယ်ချက်မရှိဘူး ဆိုရင်တောင်နောက်ဆုံးမှာတော့ အတင်းအဓမ္မဝင်ရောက်သွားရလိမ့်မည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now