Part 18 (U+Z)

6K 457 72
                                    

#Unicode

တောင်

စာသင်နေတုန်းမှာ မက်ဆေ့ဝင်လာ၍ ဆရာမ မမြင်အောင် ခိုးကြည့်ရသည်။

💌 "ဘေဘီ ညနေကြ တစ်ချိန်စောဆင်းခဲ့ပါ့လား။ ကိုယ်တို့တူတူ ပြန်ရအောင်လေ"

"သာထူးတို့နဲ့ပဲ ပြန်လိုက်တော့မယ်လေ"

"ကိုယ်က ဘေဘီနဲ့ အတူတူ ပြန်ချင်လို့"

"ခင်ဗျားပြောတော့ ကျွန်တော်တို့နှစ်ယောက်အကြောင်း ဘယ်သူမှ မသိပါစေနဲ့ဆို"

"အင်းလေ"

"လူကြီး ခုလုပ်နေတဲ့ပုံနဲ့ဆို သုံးရက်ထဲနဲ့ တစ်ကျောင်းလုံး သိကုန်တော့မယ်"

"ကိုယ်နဲ့ အတူတူ မပြန်ချင်ဘူးလား"

"သာထူးတို့ကမေးရင် ကျွန်တော်ဘယ်လို ဖြေရမှာလဲ လူကြီးရာ"

"ဘယ်လိုမှ မဖြေနဲ့။ ဒီတိုင်း သူတို့မသိအောင် ခိုးထွက်လာခဲ့လိုက်"

"အင်း" 💌

သူ့စိတ် သူ့သဘောအတိုင်း လုပ်ချင်ရာကို လုပ်သည့် လူကြီးပါ။ လူတွေမသိစေနဲ့လို့ ပြောတာလည်းသူပဲ။ လူသိအောင်လုပ်နေတာလည်း သူပါပဲ။

ညနေကြတော့ သာထူးနဲ့ထူးခြားအလစ်မှာ ခိုးထွက်လာခဲ့ရသည်။

"လူကြီး ဘယ်သွားမလို့လဲ"

"မုန့်သွားစားမလို့"

"အင်းးး"

ညနေဘက်မှာ ဖွင့်တဲ့ ဘူးဘုရားဈေးကိုသွားပြီး မုန့်ဝယ်ခဲ့ကြသည်။ လင်းရာရော လူကြီးပါ အကြိုက်တူနေသည့် အုန်းသီးခေါက်မုန့်ကို ၅၀၀ဖိုးဝယ်ယူကာ ပြောင်းဖူးနှစ်ဖူးနဲ့ ဓညင်းသီးပြုတ် ၅၀၀ဖိုးပါ ဝယ်ယူခဲ့ကြသည်။

"ဘယ်မှာ သွားစားမှာလဲ လူကြီး"

"ချစ်သူလမ်းကြားထဲကို သွားမယ်"

"အင်း"

ဘူးဘုရားဈေးက ချစ်သူ့လမ်ကြားနဲ့ ပိုနီးတာကြောင့် ချစ်သူ့လမ်းကြားထဲကို လာခဲ့ကြသည်။ ချစ်သူ့လမ်းကြားက ဟင်္သာတက္ကသိုလ်၏ဘေးတွင် တည်ရှိပါသည်။ ညနေဘက်များမှာ လမ်းကြားထဲ လူများတတ်ပေမယ့် ဒီလိုအချိန်တော့ လူသိပ်မရှိပေ။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now