အပိုင်း ၁၅ / အပိုင္း ၁၅

13.2K 1.6K 224
                                    

မဟာ့မျက်နှာနဲ့ နီးကပ်လွန်းစွာ ရှိနေတဲ့ မျက်လုံးဝိုင်းလေးတွေက အရောင်တောက်လာပြီး

" တကယ်လား "

" အာ !!!! လာနောက်မနေနဲ့ ဂျစ်တူး "

" ဘယ်သူက နောက်လို့လဲ တကယ် ကျုပ်ကို ချစ်တာလား "

" ချစ်တာပေါ့ ကိုယ့်ညီလေးပဲဟာ "

" အဲ့လိုမဟုတ်ဘူး ချစ်သူလို ပြောတာ "

" ဘာ !!!! ဟားးးးး ရူးနေလား ဂျစ်တူး ကိုယ်ကဘာလို့ချစ်သူလိုချစ်ရမှာလဲ "

" ကျုပ်ကို ချစ်သူလိုချစ်တယ်မဟုတ်ဘူးလား ဘာလို့ညာနေတာလဲ "

ဂျစ်တူး က ရုတ်တရက် မဟာ့လက်မောင်းကို ကိုင်လှုပ်ကာ မေးလာတာကြောင့် မဟာ မတ်တပ် ထ ရပ်လိုက်သည် ။

" ဂျစ်တူး စ တာ နောက်တာ က တော်ရုံပဲနော် "

" ဘာကို စ တာလဲ ဘာကို နောက်တာလဲ ဟမ် ကျုပ်ချစ်လို့လေ ကျုပ် ခင်ဗျားကိုချစ်လို့ပြောနေတာလေ "

" ကိုယ် ဂျစ်တူးကို ညီတစ်ယောက်လိုပဲ ချစ်ခဲ့တာပါ "

" ခင်ဗျား လူလိမ် ခင်ဗျားယောကျာ်းမဟုတ်ဘူးလား ဟမ် ကျုပ်ကို ညီလိုချစ်တယ်ဆိုရင် ကျုပ်ကို ခင်ဗျားခိုးနမ်းစရာလိုလား ခိုးပြီးကြည့်နေစရာလိုလား ကျုပ်ကို ကျုပ်ကို ပစ်ထားခဲ့ပါလား ခင်ဗျား ဗျာ ကျုပ်ကို ယောကျာ်းတစ်ယောက်ကို ချစ်တတ်အောင်လုပ်ခဲ့ပြီးမှ ဘာ ညီတစ်ယောက်လိုဟုတ်လား "

မဟာ အံ့ဩသွားသည် ။ သူ့လုပ်ရပ်တွေကို ဂျစ်တူး က သိနေခဲ့တာပေါ့ ။ ဒါဆို ဒါဆို .....

" ခင်ဗျားသိလား ကျုပ်တစ်ညလုံးစဉ်းစားခဲ့တယ် ကျုပ်တစ်ညလုံးကြောက်နေခဲ့ရတယ် ကျုပ် ကျုပ်လက်ခံနိုင်ဖို့အတွက်အများကြီး အများကြီး တွေးခဲ့ရတာ ခင်ဗျား ဗျာ ကျုပ်ကို ကျုပ်ကိုလုပ်ရက်တယ် ကျုပ်ကအရိုးသားဆုံးတွေးတတ်တဲ့ရွာသားပါဗျ ဒါပေသည့် တစ်ခုမှတ်ထား ခင်ဗျားကစားလို့ရတဲ့ အရုပ်တော့မဟုတ်ဘူး "

မဟာ ခွန်းတုံ့မပြန်လိုက်ခင်မှာပဲ ဂျစ်တူး က လှည့်ထွက်သွားလေရဲ့ ။ မဟာ ခဏ တွေဝေနေပြီးမှ အရာအားလုံးကို မေ့ပစ်လိုက်ကာ ဂျစ်တူးကို နောက်ကနေ ပြေးဖက်လိုက်သည် ။

အထွန်း / အထြန္း ( Completed )Where stories live. Discover now