Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ

3.7K 846 23
                                    

Unicode

အခန်း(၂၈၅) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ

ဖုန်ကျင်းယွီသည်ယန်ထျန်းဟန်ရဲ့ညွှန်ကြားချက်အရဒီနေ့မနက်အစောပိုင်းမှာလင်ရွှမ်းဇီနဲ့ဆက်သွယ်နိုင်ဖို့နည်းလမ်းများရှာဖွေခဲ့သည်။သို့သော်အံ့အားသင့်စရာကောင်းတာကမြူခိုးတောကလွဲရင်နေရာတိုင်းမှော်အခင်းအကျင်းများရှိနေခြင်းပင်။တစ်ချို့ကမြူသစ်တောအခင်းအကျင်း၊တစ်ချို့ကတော့စမ်းချောင်းများနဲ့လုပ်ထားတဲ့အခင်းအကျင်းများဖြစ်ပြီးတစ်ချို့ကဝါးသစ်တောအခင်းအကျင်းများဖြစ်ကြကာတစ်ချို့အခင်းအကျင်းများကတော့ကျောက်တုန်းများနဲ့ပင်တိုက်ရိုက်ပြုလုပ်ထားခြင်းဖြစ်သည်။အကုန်လုံးခြုံကြည့်လိုက်ရင်ဘယ်တစ်ခုမှဖြေရှင်းဖို့မလွယ်ကူဘူး။

အနာအပေါ်ကိုဆားအုံလိုက်သလိုပဲတောင်တန်းတွေနဲ့မြစ်တွေဝိုင်းရံထားတဲ့မြေပြင်အနေအထားကိုရှုပ်ထွေးတဲ့အခင်းအကျင်းအမျိုးမျိုးနဲ့ဦးတည်ရာပေါင်းစုံကနေပေါင်းစပ်လိုက်တဲ့အခါမှာပိုမိုကြီးမားကျယ်ပြန့်အားကောင်းတဲ့ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ!ဖြစ်သွားသည်။

ဖုန်ကျင်းယွီသည်ပုံရိပ်ယောင်အခင်းအကျင်းတစ်ခုခုနဲ့ဆုံတွေ့တဲ့အချိန်တိုင်းသူ့ခေါင်းတွေပေါက်ကွဲထွက်တော့မတတ်ပင်ခံစားရသည်။အတိတ်တုန်းကသူနယ်မြေကြီးကိုးခုမှာဘုရင်အဖြစ်ရှိနေတုန်းကပုံရိပ်ယောင်အခင်းအကျင်းတစ်ခုခုမြင်လိုက်တဲ့အချိန်တိုင်းချွင်းချက်မရှိမီးမြှုက်ပစ်လိုက်တာ..ဒါပေမဲ့အခုမလုပ်နိုင်ဘူး

ပထမအချက်,မီးတစ်ခေါက်လောက်မှုတ်ပြီးရင်အချိန်အကြာကြီးပြန်ကောင်းဖို့စောင့်ရတယ်..ဒုတိယအချက်,အကယ်၍သူသာဒီလိုအသေးအမွှားလေးနဲ့မီးမှုတ်ပစ်လိုက်ရင်အနောက်ဘက်မြေရဲ့အာဏာပိုင်စိုးသူတစ်ယောက်အနေနဲ့အဲ့ဒီကိစ္စသာကမ္ဘာကျော်သွားရင်သူမျက်နှာပျက်ရလိမ့်မယ်!

ဖုန်ကျင်းယွီရဲ့တစ်နေကုန်ကြိုးပမ်းမှုကအချည်းနှီးဖြစ်သွားသည်ဟုဆိုနိုင်သည်။

သူ့အနေနဲ့ပုံရိပ်ယောင်အခင်းအကျင်းကိုဖြတ်ပြီးပျံသန်းသွားလို့မရတာကြောင့်သဘာဝကျကျပင်လင်ရွှမ်းဇီထံသို့သတင်းမပို့နိုင်ဘူးလေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now