Unicode
' ဒီနေ့လေးဟာ ချစ်ရသူတဲ့အတူတူ အလုပ်လာရတာဖြစ်သည်မို့ စိတ်ထဲပေါ့ပါးလန်းဆန်းနေတာ အမှန်ပင် ...Lay Hyung ကလဲ အရင်နေ့တွေကနှင့် မတူသည့် ကျွန်တော့်ကို သတိထားမိသည်ထင်ပါတယ်'
" KyungSoo ရေ မျက်နှာလေးက လန်းဆန်းလို့
ပျော်စရာ ကိစ္စများ ရှိလို့လား? "
" မဟုတ်ပါဘူး Hyung ရာ ၊ ဒီလိုပါပဲ "
" Aww... Chanyeol ကော အလုပ်လာပြီပဲ...
အဲ့ကြောင့် မနက်က ငါ့ကို လာမခေါ်ခိုင်းတာကိုး "
" အာ Hyung ကလဲ Hyung ပင်ပန်းနေမစိုးလို့ပါ"
"အေ့ပါ သိတတ်လိုက်တဲ့ ငါ့ညီလေး ၊ Chanyeol ရေ မင်းကို ကျေးဇူးတင်ရမှာပဲ မင်းမရှိတဲ့ ရက်တွေကဆို သူ့မျက်နှာက ရှစ်ခေါက်ချိူးနဲ့ အလုပ်လဲ စိတ်ဝင်စားတာမဟုတ်ဘူး ပေါင်းနှုတ်မြှောက်စားတောင် မှန်အောင်မပေါင်းတာကွာ "
"ဟာ... Hyung ကလဲ အဲ့ဟာက ကျွန်တော့်ကြောင့် မဟုတ်ဘူးလေ Laptop က ကြောင်နေတာ "
"ဖြစ်ရလေ Kyungsoo ရယ်...တစ်နှစ်တခါ Model အသစ်ထွက်တိုင်း အလဲအလှယ်လုပ်နေတဲ့သူရဲ့ Laptop က ကြောင်နေတယ်ဆိုတော့ "
" Hyung ရာ စကားတွေ သိပ်များတာပဲ ၊ တော်ပီ တော်ပီ Hyung နဲ့ စကား ဆက်မပြောချင်တော့ဘူး ၊ လာ Chanyeol သွားမယ် "
' ရှက်ရမ်းရမ်းပြီး ဘောက်ဆက်ဆက်ပြောကာ ဆူပုတ်ပုတ်ထွက်သွားတဲ့ ကောင်လေးနောက်ကို
ကျွန်တော် နောက်ကနေအပြေးလိုက်သွားရတော့သည် ...
ရုံး ခန်းထဲ ရောက်ရောက်ချင်း ချစ်ရသူလေးရဲ့ နောက်ကနေ သူ့ရဲ့ ခါးသေးသေးကို ရစ်သိုင်းလို့ဖက်ကာ ပခုံးပေါ်မေးတင်လိုက်သည် '
"အာ့ Chanyeol ဘာလုပ်တာလဲ?ရုံးခန်းကြီးနော်
တော်ကြာ Lay Hyung ဝင်လာမှဖြင့် "
" အချစ် Lay Hyungပြောတာ တစ်ကယ်လား?
အချစ်က ကိုယ့်ကို တစ်ကယ်ကြီး လွမ်းနေတာပေါ့ "
" နည်းနည်းပေါ့ "
" ဘာနည်းနည်းလဲ ? ဒီထပ် မပိုတော့ဘူးလား? "
" Park Chanyeol တော်လိုက်တော့ ၊ ငါ့မှာ အရင်နေ့က အကြွေးတွေရော အလုပ်တွေ တောင်လိုပုံနေတာနော် "
