အပိုင်း (၁)

106K 840 62
                                    



"ဟဲ့ ယမုံ နင် ဒီဘဲကို သိလား"

"ဘယ်သူလဲ ပြကြည့်လေဟာ"
သူငယ်ချင်း၂ ယောက် ဒီကာလကြီးမှာ ရတောင့်ရခဲ အပြင်ထွက် မုန့်စားရတာကို
အယွန်းမက ဖုန်းထိုင်ကြည့်နေလို့ ယမုံတစ်ယောက် စိတ်တိုနေရာကနေ ခပ်ငေါ့ငေါ့လှမ်းဖြေလိုက်တယ်။

"ဒီ တစ်ယောက်လေ"
အယွန်း လာပြတာက newfeed ပေါ်တတ်လာတဲ့ Video တစ်ခု။ ထို video ကိုမြင်တော့ အဲ့ဘဲကို ယမုံ သိလိုက်တယ်။ အဲ့ဘဲ နာမည်က
" လူမော်အောင် " ။

"အင်း သိတယ်လေ အယွန်း ဘာလို့လဲ"

"အဲ့ဘဲ က Dark ဖြစ်လွန်းတယ်နော် အဟီး"
အယွန်းမ ငမ်းနေပြီ ဆိုတာသိတော့ ယမုံ တစ်ယောက် စိတ်အချဉ်ပေါက်သွားတယ်။

"Dark ဖြစ်တာ မဟုတ်ဘူးဟဲ့, ထန်တာ ထန်တာ"

"ဟယ် နင်ကလည်း အဲ့လိုကြီး ဒဲ့မပြောနဲ့လေ"

"ပြောတော့ ဘာဖြစ်လဲ အယွန်းရဲ့, ဟုတ်နေတာပဲကို"

"နင်က သူ့အကြောင်း သိလို့လား"
​အယွန်းမက မေးလာတော့ ယမုံဖြေရတော့မယ်။

"သိတာပါ့, အဲ့ကောင်က စားဘဲကြီး အထာနဲ့။
ရည်းစားမထားပဲ ကြိုက်သမျှ ပတ်စားနေတာ"

"နင်ကလည်း အကောင်းကိုမပါဘူး"

"အဲ့ကောင်က အဲ့လိုပဲလေ, တချို့ဆို ဘာတဲ့
Daddy Daddy နဲ့ $မြင်ကို ကပ်တယ်"

"ငါက အခုမှ ကြိုက်မလို့ပါဆို"
အယွန်းလေသံဖျော့ သွားတော့ ယမုံ အားတက်သွားပြီး ဆက်ပြောတယ်။

"ကြိုက်မနေပါနဲ့ဟာ သူက အိုနေပြီ။
အသက်တောင် ၂၅ ကျော်နေတာ, နင့်အနားမှာဆို
၁၇,၁၈ အရွယ် ခပ်ချောချောလေးတွေ ချည်းပဲ"

"အေးပါ အေးပါ ငါကလည်း ဒီအတိုင်းပြောလိုက်တာ"

"ပြီးရော"
ယမုံ ခပ်ပြတ်ပြတ် ဖြေလိုက်ရင်း စိတ်ထဲက ကြိတ်ပျော်နေသည်။ ဒီလို မဖြေလို့ မဖြစ်။
အယွန်းက အကြောင်း သူ အကုန်သိသည်။
လူမော်အောင် နဲ့သာဆို ခဏလေးနဲ့ သူတို့
အဆင်ပြေသွားလိမ့်မည်။ လူမော်အောင် ဆိုသော ထိုသူ့အနား သူမ ချဉ်းကပ်ခဲ့ရတာ လွယ်သည်တော့မဟုတ်ခဲ့။ သူမ အတွေးစီးကြောင်းတွေ လွန်ခဲ့တဲ့ ၁ လ စီပြန်ရောက်သွားသည်။
..............................................................

Princess of Dark God 🔞Where stories live. Discover now