အခန်း (၃၉)/ က

3K 364 0
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၃၉)/ က

TRANSLATOR - SS

--------------------

ရှင်ဘုရင်၏ မြေးဦးမှာ ဖေ့ဝန်ချိုင်မဟုတ်ခဲ့ပေ။

သတ္တမမင်းသား၏ ပဏာမကြင်ယာတော်သည် ဖေ့ဝန်ချိုင် မတိုင်ခင် ကိုယ်ဝန်ပျက်ကျထားဖူးပြီး သားယောက်ျားလေးဖြစ်ခဲ့သည်။ ဘုရင်မင်းမြတ်မှာ မမွေးဖွားလာခဲ့ရသော မြေးတော်လေးအတွက် ပူဆွေးသောက ရောက်နေရဆဲဖြစ်၏။ 

ဘုရင်မင်းမြတ်၌ သားတော် သမီးတော် ၁၃ ပါးရှိခဲ့သော်လည်း သားတော်ကတော့ ၄ ပါးသာ ကျန်ရှိလေသည်။ သတ္တမမင်းသားသည် ရှင်ဘုရင်နှင့် ဘဝကံကြမ္မာ တိုက်ဆိုင်တူသည်။ မိဖုရားမောင်းမ မြောက်များစွာ ရှိသော်လည်း ဖေ့ဝန်ချိုင်တစ်ယောက်သာ အဖတ်တင်၏။

တျန်းပြည်ထောင် တိုင်းသူ ပြည်သားအပေါင်းမှာ နန်းမွေနန်းလျာ မရှိတော့မည်ကို များစွာ စိုးရိမ်ပူပန်လာကြလေသည်။ ထို့ကြောင့် မင်းကြီးသည် ရန်ရှီးထင်ကို မနှစ်မြို့သော်လည်း မမွေးရသေးသော မြေးတော်အတွက်နှင့် သည်းခံသဘောတူပေးခဲ့ခြင်းဖြစ်လေ၏။ ထို့ကြောင့် ရန်ရှီးထင် သွေးဆင်းသည်ကို တွေ့သောအခါ မင်းကြီး စိုးရိမ်သွားရသည်ကို မင်းမျိုးမင်နွယ်အပေါင်း မအံ့သြကြပေ။

"အရှင်မင်းကြီး နန်းတွင်းသမားတော် မဆင့်ခေါ်ပါနဲ့ဦး" မိဖုရားခေါင်ကြီးက ဆိုလေသည်။ "မင်္ဂလာလက်ထပ်ပွဲ မပြီးဆုံးခင် သမားတော်လာရင် ကံဆိုးတတ်ပါတယ်"

"ကံဆိုးတယ်လား" မုမိဖုရားက မေးလိုက်သည်။ "မမ၊ သတို့သမီးက သွေးဆင်းနေတာ၊ သူ့အသက်က အယူသီးတာတွေထက်ကို ပိုအရေးကြီးနေတယ်လေ"

မုမိဖုရား၏ စကားက မိဖုရားခေါင်ကြီး၏ အသည်းနှလုံးကို ထိုးနှက်သကဲ့သို့ပင်။ မုမိဖုရား မျက်နှာပေါ်မှ ဟန်လုပ် စိုးရိမ်ပြမှုကို တွေ့သောအခါ မိမိ ရွှေ့သော အကွက်ကို မိစ္ဆာကဝေမ မုမိဖုရားက ကဖျက်ယဖျက်လုပ်လိုက်ပြီဖြစ်ကြောင်း မိဖုရားခေါင်ကြီး နားလည်သဘောပေါက်သွားတော့၏။ ရန်ရှီးထင် ကိုယ်ဝန်ရှိဟန်ဆောင်သည်ကို မုမိဖုရား သိနေလောက်သည့်အကြောင်း မိဖုရားခေါင်ကြီး ရိပ်မိလိုက်သည်။ မုမိဖုရားသည် ကိုယ်ဝန်တုကို ဖော်ထုတ်ရန် မင်္ဂလာပွဲနေ့အထိ စောင့်နေခဲ့ပြီးမှ အပြစ်ကင်းဖြူစင်ဟန် လုပ်ခြင်းဖြစ်၏၊ တစ်ချိန်တည်းမှာပင် မိဖုရားခေါင်ကြီးအား ဆန့်ကျင်နိုင်မည်လေ။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now