Chapter(26) - Dress In White

7.5K 1.3K 132
                                    

Unicode

Chapter(26) - Dress in white

ဓားယှဉ်ပြိုင်ပွဲညီလာခံပြီးသည့်နောက်မှာရှန်ကျစ်ရှန်းကသူ့ခန္တာကိုယ်မှနှလုံးရောဂါအခြေအနေကြောင့်နောက်တစ်ဖန်တံခါးပိတ်တရားကျင့်ကြံခြင်းသို့ဝင်ရောက်သွားသည်။

စုန့်မင်းကရန့်ရှန်နဲ့ပတ်သတ်ပြီးဘာလုပ်သင့်လဲဆိုတာကိုမေးမြန်းဖို့တပည့်အချို့ကိုအကြိမ်တော်တော်များများပို့လွှတ်သည်။ရက်အနည်းငယ်အတွင်းသူတို့တွေပဉ္စမတောင်ထွတ်ရှိရာသို့အခေါက်ပေါင်းမနည်းလာရောက်ကြသော်လည်းအချိန်တိုင်းမှာဒီအတိုင်းသာလှည့်ပြန်ကြရသည်။

တုန့်ပြန်မှုကတော့တစ်ပုံစံတည်းပင် ; ဂိုဏ်းချုပ်ဆန္ဒရှိတဲ့အတိုင်းသာလုပ်,ပဉ္စမတောင်ထွတ်မှာပြောစရာဘာမှမရှိဘူး

တပည့်အသေးလေးတစ်ယောက်ဆိုရင်တောင်ကုန်းထိပ်ကိုတိုက်ရိုက်တက်သွားပေမယ့်လည်းတံခါးဝမှာဓားနဲ့ပိတ်ရပ်နေတဲ့ရန်ကျင်းကိုသာတွေ့တယ်!

စီနီယာအကိုရန်ရဲ့မျက်နှာပေါ်မှာဘာအမူအယာမှမရှိပေမယ့်တပည့်လေးကတော့သူ့ဆီကလာတဲ့သတ်ဖြတ်ခြင်းအရိပ်အငွေ့တွေကိုခံစားလို့ရနိုင်သည်။

အဲ့ဒါကသတ်ဖြတ်ခြင်းစိတ်ဝိညာဉ် အတွင်းကနေ "ဘာမှမပြောနဲ့,ဘာမှမမေးနဲ့, ဒီအတိုင်းတိုက်မယ်" လို့ပြောနေသလိုမျိုး

တပည့်အသေးလေးကချက်ချင်းကြောက်လန့်တကြားထွက်ပြေးတော့သည်။

ရန်ကျင်းကတကယ်တော့အကြောင်းပြချက်မရှိပဲသတ်ဖြတ်ချင်နေတာမဟုတ်ဘူး

တစ်ခြားတပည့်တွေကအမှန်တရားကိုမသိပဲရှန်ကျစ်ရှန်းတကယ်ကိုအနားယူနေတယ်လို့ထင်ကြလိမ့်မယ်.....ရန်ကျင်းတစ်ယောက်တည်းသာသိတာကရှန်ကျစ်ရှန်းကသူ့ကိုမမြင်ချင်ဘူး...

ရှန်ကျစ်ရှန်းရဲ့ပိတ်ထားတဲ့တံခါးရှေ့မှာခုနှစ်ရက်မြောက်နေပြီးနောက်မှာတော့ရန်ကျင်းကနောက်ဆုံးမှာဒူးထောက်ပြီးခေါ်လိုက်သည်။

"ဆရာ"

တုန့်ပြန်မှုမရှိ

ရန်ကျင်းကအချိန်အတော်ကြာသည်အထိတိတ်ဆိတ်နေပြီးမှလေးလေးနက်နက်နဲ့သုံးကြိမ်ကန်တော့လိုက်ပြီးတိုးတိုးလေးပြောလိုက်သည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now